အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သားနဲ့ မုန်လာဥနီကြော် ပူပူလေးကြော်စားရအောင် မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်သား (အရိုးမပါတာသုံးပါ) ၁၀ ကျပ်သားခန့်
  • ဆီ အနည်းငယ်
  • နှမ်းဆီအနည်းငယ်
  • ကော်မှုန့် အနည်းငယ်
  • သကြား (သို့) ပျားရည်အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်သီးမှုန့်အနည်းငယ်
  • ဂျင်း ၅ ပြားခန့်
  • မုန်လာဥနီ အသေး ၆ လုံး (ခေါက်ဆွဲလေးတွေကို ခြစ်လိုက်ပါ)
  • ကြက်သွန်မြိတ် ၂ ပင် ( ၂ လက်မခန့်ဆီလှီးပေးလိုက်ပါ)
  • ဟင်းနုနွယ် လက် ၂ စုပ်စာ

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ ကြက်သား၊ နှမ်းဆီ၊ ကော်မှုန့်၊ သကြား (သို့) ပျားရည်၊ ပဲငံပြာရည်၊ ငရုတ်သီးမှုန့်တို့ကို နယ်ပေးလိုက်ပြီး မိနစ် ၃၀ လောက်ထားထားပါ။

ဆီကိုအပူပေးလိုက်ပြီး ဂျင်းကို မွှေးနေအောင်ကြော်ပေးလိုက်ပါ။

အဲဒီနောက် ကြက်သားထည့်လိုက်ပြီးကြော်ပေးလိုက်ပါ။

ကြက်သားရပြီဆိုရင်တော့ မုန်လာဥနီနဲ့ ဟင်းနုနွင်ထည့်ကြော်ပေးလိုက်ပါ။

သေချာမွှေပေးလိုက်ပြီး ပဲငံပြာရည်၊ ကြက်သွန်မြိတ်တို့နဲ့ သေချာမွှေပေးပါ။

အဲဒီနောက် သုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar