အားလုံးပဲမင်္ဂလာပါနော်။ မုန်ညှင်းစိမ်းကို အားလုံးကြိုက်ကြမယ်ထင်ပါတယ်။ ကြက်သားနဲ့ ရောပြီး ကြော်ပေးမယ်ဆိုရင်တော့ အရသာရှိပြီး ထမင်းစားမြိန်စေမှာဖြစ်ပါတယ်။

ရိုးရှင်းပြီး၊ ပြုလုပ်ရလွယ်ကူတာမို့ ဟင်းသိပ်မချက်တတ်တဲ့သူတွေအတွက်လည်း အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်နော်။ ဒါဆိုရင်တော့ ဘယ်လိုချက်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်း

  • ကြက်ရင်အုံသား ၁ တုံး (၁၀ပေါင်ခန့်)
  • ဆား၊ ငရုတ်ကောင်းမှုန့်
  • ကော်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ အကာ ၁ လုံး
  • မုန်ညှင်းစိမ်း ၁ စည်း

  • ဆီ
  • ဆော့စ်လုပ်ရန်
  • ကြက်သွန်ဖြူ ၂ မွှာ
  • ဂျင်း ၁ လက်မခန့်
  • ဝိုင်ဖြူ အနည်းငယ်

  • ကြက်စွပ်ပြုတ်ရည် (သို့) ရေ ခွက်တစ်ဝက်
  • ကမာဆော့စ် စားပွဲတင်ဇွန်းတစ်ဝက်
  • ကော်မှုန့်ကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောလိုက်ပါ
  • ဆား နဲ့ ငရုတ်ကောင်းမှုန့်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ကြက်သားကို အတုံးလေးတွေလှီးလိုက်ပါ။

ဆား၊ ငရုတ်ကောင်းမှုန့်တို့နဲ့ နယ်လိုက်ပါ။

မုန်ညှင်းကိုချွေလိုက်ပြီး ရေသေချာဆေးလိုက်ပါ။

ကြက်သွန်ဖြူနဲ့ ဂျင်းကို ခပ်ပါးပါးလှီးလိုက်ပါ။

အိုးကိုအပူပေးပြီး ဆီထည့်လိုက်ပါ။ ကြက်သားကို ကြော်လိုက်ပါ။

ပြီးရင်တော့ ဆော့စ်လုပ်ဖို့ ထားထားတဲ့ ပါဝင်ပစ္စည်းတွေကို ထည့်ပါမယ်။ အရင်ဆုံးဆီထည့်ပါ။ ကြက်သွန်ဖြူ၊ ဂျင်းထည့်လိုက်ပြီး မွှေးလာပြီဆိုရင်တော့ ဝိုင်ဖြူထည့်လိုက်ပါ။ ပြီးရင် ကြက်စွပ်ပြုတ်ရည် (သို့) ရေ နဲ့ ကမာဆော့စ်ထည့်လိုက်ပါ။ မိနစ် အနည်းငယ် ထားထားပါ။

ကြက်သားကိုထည့်ကြော်လိုက်ပါ။ မုန်ညှင်းထည့်ပြီးကြော်လိုက်ပါ။

မုန်ညှင်းနူးပြီဆိုရင် စားလို့ရပါပြီနော်။

Source: www.koreanbapsang.com

BY: MyFood Myanmar