အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကိုရီးယားစတိုင်လ် အသားတောက်တောက်စဉ်း ငရုတ်သီးအနှစ်ချက် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား (သို့) အမဲသား တောက်တောက်စဉ်း ၂၀၀ ဂရမ်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Gochujang ကိုရီးယားငရုတ်သီးအနှစ် ခွက်၃/၄ ပုံ

  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းမှ ၃ ဇွန်းအထိ (ချိန်ဆထည့်ပါ)
  • အခွံမာသီးတစ်မျိုး (မြေပဲ၊ သစ်ကြားသီး) စားပွဲတင်ဇွန်း ၁ ဇွန်း

အသားအတွက်အနှစ်လုပ်ရန်

  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျင်းတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး အသားကို အသားလုပ်တဲ့ အနှစ်နဲ့ နယ်လိုက်ပါ။ ၅ မိနစ်လောက်နှပ်ထားပါ။

အိုးကိုအပူပေးလိုက်ပြီး ဆီထည့်ပါ။ အဲဒီနောက် အသားထည့်ပြီးမွှေလိုက်ပါ။ အသားကျက်ရင်တော့ ကိုးရီးယား ငရုတ်သီးအနှစ်နဲ့ ရေထည့်ပါ။

၂ မိနစ် ၃ မိနစ်လောက်မွှေပေးလိုက်ပြီး အပူချိန်လျှော့လိုက်ပါ။ နောက်ထပ် မီးအေးအေးနဲ့ ၈ မိနစ်လောက်ထားထားပါ။

ပျားရည်ထည့်ပါ။ အခွံမာသီးတစ်မျိုးထည့်လိုက်ပြီး ၂ မိနစ်လောက် ထပ်တည်ထားလိုက်ပါ။

ပြီးရင်တော့ မီးဖိုပေါ်ကချ အအေးခံလိုက်ပြီး လေအလုံပိတ်ဘူးထဲ ထည့်ထားပါ။

ရေခဲသေတ္တာထဲထည့်ထားရင် ၁ လလောက်ထားလို့ရတယ်နော်။

Source: www.mykoreankitchen.com

By: MyFood Myanmar