ကိုရီးယားစတိုင်လ် တရုတ်စတိုင် ရောသမမွှေလေးကြော်ပြီး ကိုယ်ပိုင် အရသာလေး တီထွင်ဖန်တီးပြီး သူငယ်ချင်းများ မြည်းခိုင်းတဲ့အခါ အားရပါးရ စားသုံးတာကို မြင်ရတော့ ဝမ်းသာပျော်ရွှင်မိတယ်။ အားလုံးလည်း အားရပါးရ ပြန်လည်ကြော်စားလို့ရအောင် ခေါက်ဆွဲကြော်နည်းလေး ပြန်ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကိုရီးယားဝက်အူချောင်းသေး – ၁၇၅ ဂရမ် (ပါးပါး စွေစောင်းလေးတွေ လှီးထားပါ)
  • ကြက်ဥခေါက်ဆွဲ   –   ၃၂ဝ ဂရမ် (တစ်ထုပ်၊ ပြုတ်ထားပါ)
  • ကင်မ်ချီ   –   ၁၆ဝ ဂရမ် (ပါးပါးလေးတွေ လှီးထားပါ)
  • ကြက်ဥ   –   ၂ လုံး (မွှေကြော်ထားပါ)
  • ပဲငံပြာရည်   –   စားပွဲဇွန်း ၂ ဇွန်း
  • ကိုရီးယားငရုတ်သီးနှစ်   –   စားပွဲဇွန်း ၃ ဇွန်း
  • ကန်နိုလာဆီ   –   စားပွဲဇွန်း ၃ ဇွန်း ခွဲ
  • မုန်လာဥနီ   –   ၁ ဥ (အခွံခွာပြီး ပါးပါးချောင်းလေးတွေ လှီးထားပါ)
  • ရှမ်းနံနံ   –   ၃ ပင် (ခပ်ရှည်ရှည်လေးတွေ ဖြတ်ထားပါ)
  • ကြက်သားမှုန့်   –   စားပွဲဇွန်း ၃ ဇွန်းခွဲ (မထည့်လည်းရပါတယ်)
  • ဆား   –   အနည်းငယ် (ကိုယ့်အရသာအတိုင်း ထည့်ပါ)
  • ဂေါ်ဖီ

ပြုလုပ်နည်း

  1. ဒယ်အိုးကြီးထဲ ဆီထည့်အပူပေးပါ။ ဒယ်အိုးပူလာလျှင် ဝက်အူချောင်းများ ထည့်ကြော်ပါ။ ဝက်အူချောင်း အညိုရောင်သန်းလာလျှင် ကင်မ်ချီနှင့် မုန်လာဥထည့်ပြီး ၃ မိနစ် လောက်ကြော်ပါ။ ပြီးလျှင် ဂေါ်ဖီထည့်ပြီး ၂ မိနစ်လောက် ကြော်ပြီးလျှင် မီးမျှင်မျှင်လေးဖြင့် ပဲငံပြာရည်၊ ငရုတ်သီးအနှစ်များ ထည့်ပြီး သေချာနှံ့အောင်မွှေပါ။
  2. ခေါက်ဆွဲကို အထုပ်မှာပါတဲ့ အညွှန်းအတိုင်း ပြုတ်ထားပါ။ ပြုတ်ထားသော ခေါက်ဆွဲကို ရေအေးနဲ့ဆေးပါ။ ရေစင်အောင်စစ်ပြီး ဆီအနည်းငယ် ခပ်ဖွဖွလေးနယ်ထားပါ။ ကြက်ဥကို ခလောက်ပြီး အသင့်မွှေကြော်လေး ကြော်ထားပါ။
  3. အသီးအရွက်များထဲ ခေါက်ဆွဲရောပါ အားလုံးနှံ့အောင် ခပ်ဖွဖွလေး မွှေပေးပါ။ ကြက်သားမှုန့်ဖြူးပါ။ ၃-၄ မိနစ်လောက် သေချာနှံ့အောင်မွှေပြီး ကြော်ပါ။ ခေါက်ဆွဲနူးအိ အသီးအရွက်များလည်း နွမ်းလာလျှင် ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။ အသင့်ကြော်ထားသော ကြက်ဥကြော်လေးကို ခေါက်ဆွဲပေါ်မှာ အသာဖြူးပြီး ကြိုက်နှစ်သက်သလို ပူပူလေးသုံးဆောင်ပါ။

မှတ်ချက် – ဝက်အူချောင်းအစား တခြားအသားများကို အစားထိုး အသုံးပြုလို့ရပါတယ်။