သံပုရာသီး ဖျော်ရည်သောက်တိုင်း အရည်ဘဲ ညှစ်ပြီး အခွံတွေကို လွှတ်ပစ်လေ့ရှိပါသလား။ ဒါက သင်တစ်ယောက်တည်းမဟုတ်ပါဘူး၊ ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော လူတွေက ဒီလို အမှားမျိုး လုပ်တတ်ကြပါတယ်။

သံပုရာသီးက ကျန်းမာရေးအတွက် အရေးကြီးဆုံး အစားအစာလို့ ပြောဆိုနိုင်ပြီး သူ့မှာ ဗီတာမင် C၊ သံဓာတ်၊ ကော့ပါး၊ ကယ်စီယံ၊ မဂ္ဂနီစီယမ်၊ ပိုတက်စ်စီယမ် နဲ့ တခြား အဟာရများစွာ ပါဝင်နေပါတယ်။ ဒါပေမယ့် ဒီအာဟာရများစွာကို အကုန်လုံးနီးပါး ရရှိဖို့ ဘယ်လို စားသုံးရမလဲဆိုတာတော့ မသိကြပါဘူး။

သံပုရာသီး အခွံမှာပါဝင်တဲ့ ဓာတ်တွေက အသီးမှာပါဝင်တဲ့ ဓာတ်တွေထက်တောင် ပိုပြီး အကျိုးရှိတယ်လို့ အာဟာရပညာရှင်တွေက ပြောကြပါတယ်။

10-amazing-benefits-of-lemon-peels

ပြုလုပ်ရမည့် နည်းလမ်း

သံပုရာသီး ဖျော်ရည်ကို ဖျော်မယ်ဆိုရင် ဖန်ခွက်တစ်လုံးထဲကို သံပုရာသီးတွေကို အရည်ညှစ်ပြီး ထည့်ကြပါတယ်။

အဲ့နောက်မှာ သံပုရာသီး အခွံကို ပါ ခြစ်ပြီး သံပုရာသီး ဖျော်ရည်ထဲကို ထည့်ပါ။

ဖန်ခွက်ထဲကိုရေထည့်ကာ မွှေနောက်ပြီးနောက် မနက်စာ မစားခင်မှာ သောက်သုံးရမှာဖြစ်ပါတယ်။

key_lime_zesting

သံပုရာသီး အခွံရဲ့ အကျိုးကျေးဇူးများ

  • အရိုးကို သန်မာ ကြံ့ခိုင်စေပါတယ်။ (သံပုရာသီး အခွံမှာ အရိုးကို သန်မာ ကြံ့ခိုင်စေတဲ့ ကယ်စီယံ နဲ့ ဗီတာမင် စီ တို့ ပါဝင်ပါတယ်။)
  • ကင်ဆာ ရောဂါကို ကာကွယ် တိုက်ဖျက်နိုင်။ (သံပုရာသီး အခွံမှာ ကင်ဆာ ရောဂါကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ Q 40 နဲ့ Limonene ဓာတ်တို့ ပါဝင်ပါတယ်။)
  • ကိုလက်စထရော ကို ကျဆင်းစေပါတယ်။
  • နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးတယ်။(သံပုရာသီး အခွံမှာ ပါဝင်တဲ့ ပိုတက်စ်စီယံက သွေးလည်ပတ်မှု ဖိအားကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။)

7094037_f520

  • ခံတွင်း ကျန်းမာရေးနဲ့ သန့်ရှင်းမှုအတွက်လည်း ကူညီပေးပါတယ်။
  • ကိုယ်အလေးချိန် လျော့ကျဖို့လည်း ထောက်ပံ့ပေးတယ်။
  • အရေပြား နဲ့ သက်ဆိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ် တိုက်ဖျက်ပေးတယ်။
  • အသည်းကို သန့်ရှင်းပေးပြီး၊ သွေးလည်ပတ်မှုအားကောင်းကာ လေဖြတ်မှု အန္တရာယ်ကိုလည်း လျော့ချပေးပါတယ်။