မနက်စာ၊ နေ့လည်စာနဲ့ ညစာတွေဆို မြန်မာလူမျိုး အများစုဟာ ထမင်းကိုပဲ အဓိကထား စားကြပါတယ်။ အစာစားပြီးတိုင်း မြန်မာလူမျိုးတွေဟာ တစ်ခုခု စားတတ်ကြပါတယ်။ အစာကြေစေဖို့ အတွက် ထန်းလျက်စားကြပါတယ်။ အချို့ကလည်း ခံတွင်းချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကွမ်းတို့ ဆေးလိပ်တို့ သောက်တတ်ကြပါတယ်။ အစာ စားပြီးပြီးချင်း မပြုလုပ်သင့်တဲ့ အချက် ၇ချက် ရှိပါတယ်။

၁။ ဆေးလိပ်မသောက်ပါနဲ့

Source: heraldsun.com.au

ကျွမ်းကျင်သူတွေရဲ့လေ့လာတွေ့ရှိချက်အရ အစာ စားပြီးပြီးချင်း ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာဖြစ်စေနိုင်ဖို့ အတွက် ရာခိုင်နှုန်းများကြောင်း ဖော်ပြထားပါတယ်။ အစာ စားပြီးတိုင်း ဆေးလိပ်သောက်လာတာ ၁၀လိပ် ရှိပြီဆိုရင်တော့ ကင်ဆာဖြစ်ပွားနိုင်ချေ မြင့်မားပါတယ်။

၂။ သစ်သီးကို ချက်ချင်းမစားပါနဲ့

Source: heraldsun.com.au

အစာ စားပြီးပြီးချင်း သစ်သီးစားခြင်းကို မပြုလုပ်သင့်ပါဘူး။ အသီးအနှံတွေကို အစာစားပြီး တစ်နာရီလောက် ခြားပြီး စားရင် အကောင်းဆုံးပါပဲ။ ၁နာရီလောက် မခြားရင်တောင် ၁၅မိနစ်လောက် ခြားစားပါ။

၃။ လက်ဖက်ရည်မသောက်ပါနဲ့

အစာ စားပြီးပြီးချင် လက်ဖက်ရည်သောက်ခြင်းကို ရှောင်ရှားပါ။ ပရိုတင်းဓာတ်တွေကို လက်ဖက်ရွက်မှာ ပါဝင်တဲ့ ဓာတ်တွေက ချေဖျက်သွားတဲ့ အတွက်ပါ။ တခါတရံ အစာကြေဖို့လည်း ခက်ခဲပါတယ်။

၄။ ခါးပတ်ကို မလျှော့လိုက်ပါနဲ့

Source: queer.pl

အစာ စားပြီးတဲ့ အချိန်တိုင်း ဗိုက်တင်းလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခါးပတ်ကို လျှော့တတ်ကြပါတယ်။ အစာ စားပြီးပြီးချင်း ခါးပတ်လျှော့ခြင်းဟာ အူခေါက်ခြင်း ဖြစ်နိုင်ခြေ များပါတယ်။

၅။ ရေမချိုးပါနဲ့

Source: SafeBee

အစာ စားပြီးပြီးချင်း ရေချိုးခြင်းကို မပြုလုပ်သင့်ပါဘူး။ ရှေးလူကြီးတွေ အဆိုလည်း ရှိပါတယ်။ အစာ စားပြီးပြီးချင်း ရေချိုးရင် ဗိုက်ပူလိမ့်မယ်လို့ ပြောတတ်ကြပါတယ်။ အကြောင်းကတော့ အစာချေဖျက်ခြင်းကို အနှောင့်အယှက်  ပေးတာကြောင့် ဖြစ်ပါတယ်။

၆။ လမ်းချက်ချင်း မလျှောက်ပါနဲ့

Source: institutoaguaysalud.es

အစာ စားပြီးရင် လမ်းလျှောက်ဆိုတဲ့ စကားဟာ မှန်သင့်သလောက်တော့ မမှန်ပါဘူး။ အစာ စားပြီး လမ်းလျှောက်ခြင်းဟာ စားထားတဲ့ အာဟာရတွေကို အစာအိမ်က မစုပ်ယူနိုင်ပါဘူး။

၇။ ချက်ချင်း မအိပ်ပါနဲ့

Source: SleepHub

ထမင်းစားပြီးပြီးချင်း ချက်ချင်း အိပ်တဲ့အခါ အစာ မကြေဖြစ်တတ်ပြီး ခေါင်းကိုက်ခြင်းနဲ့ မအီမလည် ဖြစ်ခြင်းတွေကို နောက်ဆက်တွဲ ခံစားရနိုင်ပါတယ်။

Source: naturalmedicinebox