စတော်ဘယ်ရီသီး ထွက်တဲ့ရာသီ ရောက်လာပြီနော်။ ဒါကြောင့် ကလေးတွေလည်း ကြိုက်နှစ်သက်တဲ့ စတော်ဘယ်ရီသီး၊ ငှက်ပျောသီးနဲ့ အုန်းသီးပါဝင်တဲ့ ရေခဲချောင်းလုပ်နည်းလေး ကို ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းများ (၆ ယောက်လောက်စားလို့ရ)

  • အုန်းနို့ ၁ ဗူးစာ
  • ပါးပါးလှီးထားတဲ့ စတော်ဘယ်ရီသီး ၂ ခွက်

စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ

  • ငှက်ပျောသီး ၁ လုံး
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

  • အုန်းနို့၊ စတော်ဘယ်ရီသီး၊ ငှက်ပျောသီးနဲ့ ပျားရည်တို့ကို ဖျော်စက်ထဲထည့်ပြီး ကြေညက်တဲ့အထိ ဖျော်ပါ။
  • ဖျော်ရည်ကို ရေခဲချောင်းလုပ်တဲ့ မိုထဲကို လောင်းထည့်လိုက်ပါ။
  • ၄ နာရီလောက်ခဲထားလိုက်ပါ။
  • ရေခဲချောင်းကို မိုထဲကနေ ထုတ်ရင် အချောင်းလိုက်လေးထွက်လာမှာဖြစ်ပြီး စားသုံးလို့ရပါပြီ။

Photo Credit: Tastemade