အချိုပွဲ - Desserts | အင်တာနေရှင်နယ် - International Desserts

စတော်ဘယ်ရီ ချိစ်ကိတ်လေး (Strawberry Cheesecake)

July 13, 2016

စတော်ဘယ်ရီ ချိစ်ကိတ်လေး (Strawberry Cheesecake)

Share this on:

ဒီကိတ်လေးက တစ်ကယ်ကိုလွယ်ကူ ကာ အာဗင်သုံးပြီး ဖုတ်စရာ မလိုသော ကိတ်လေးဖြစ်ပါတယ် ။ စည် ရဲ့ မွေးစား အဖိုး ဂရိနိုင်ငံသား ကနေလက်ဆင့်ကမ်းသင်ပေးခဲ့သော ကိတ်လဲဖြစ်ပါတယ် ။ အဖိုး က ဒီကိတ်ကို သူ့ရဲ့ အမေဆီကနေ သင်ယူခဲ့ပြီး မြေးဖြစ်သူ စည့်ကို ပြန်လည် လက်ဆင့်ကမ်းပေးခဲ့သော မိသားစု မုန့်လုပ်နည်းလေးဖြစ်ပါတယ် ။  အချိန်တိုင်း ဘယ်လိုစားစား မငြင်းသော ချိစ်ကိတ်လေး ဖြစ်တာကြောင့် အားလုံး လုပ်စားလို့ ရအောင် မျှဝေလိုက်ပါတယ် ။

ပါဝင်ပစ္စည်းများ (အောက်ခံမုန့်သား လုပ်ရန်)

  • ဘီစကစ်မုန့် (သို့) Cracker ၁ ခွက်
  • သကြားညို - ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • ထောပတ် - ၅ ဇွန်း (စားပွဲတင်ဇွန်း) (အခန်းအပူချိန်ဖြင့် အရည်ပျော်အောင်ထားပါ)
  • တစ်ခါသုံး မုန့်လုပ်ဗန်း - ၂ ဗန်း (Foil Baking Cups / ငွေရောင်ခွက်လေးများ)

အောက်ခံမုန့်သား ပြုလုပ်နည်း

  1. ကြိတ်စက်ထဲ ဘီစကစ်မုန် ၊ သကြား ၊ ထောပတ် ထည့်ပြီး အားလုံးကြေပြီး ရောတဲ့အထိမွှေ့ ပါ ။
  2. ပြီးလျှင် မုန့်ဗန်းလေးများထဲ ညီတူညီမျှ ပစ္စည်းအားလုံး ရောထားသော မုန့်မှုန့်များကို ထည့်ပါ ။ ပြီးလျှင် လက်ဖြင့်ဖွဖွလေး ဖိပေးပါ ။
ချိစ်အနှစ်လုပ်ရန် ပါဝင်ပစ္စည်းများ

  • Cream Cheese - ၁ ထုပ် (အပျော့)
  • Gelatin - ၁ ဇွန်းခွဲ (စားပွဲတင်ဇွန်း)
  • Gelatin - ၁ ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း) (စတော်ဘယ်ရီပေါ်သုတ်ရန် အရည်ဖျော်ထားခြင်းဖြစ်သည်)
  • ရေအေး - ၁/၄ ခွက် (မုန့်လုပ်ရန်တိုင်းသော ခွက်)
  • သကြား - ၁ ခွက် (မုန့်လုပ်ရန်တိုင်းသော ခွက်)
  • နွားနို့် - ၃/၄ ခွက် (မုန့်လုပ်ရန်တိုင်းသော ခွက်)
  • ဆား - ၁/၄ ပုံ (လက်ဖက်ရည်ဇွန်း)
  • သံပုရာရည် - ၁ /၈ ခွက် (မုန့်လုပ်ရန်တိုင်းသော ခွက်) (လတ်ဆတ်သော အလုံးကိုညစ်ယူပါ)
  • Whipping Cream - ၁ ခွက် (မုန့်လုပ်ရန်တိုင်းသော ခွက်)
  • စတော်ဘယ်ရီ - ၁၀ လုံး (ကြိုက်နှစ်သက်ရာ အသီး ကိုသုံးနိုင်ပါတယ်)
  • စတော်ဘယ်ရီ - ၁၅ လုံး (ကြိုက်နှစ်သက်ရာအသီး ကိုသုံးနိုင်ပါတယ်၊ ကိတ်မုန့်ပေါ်တင်ရန် ပါးပါးလှီးထားပါ)

    ပြုလုပ်နည်း

    1. ဆောစ်လုပ်သော အိုးအသေးလေးဖြင့် ရေအေး နှင့် Gelatin ကို မီးမှင်မှင်လေးဖြင့် အရည်ပျော်တဲ့ အထိတည်ပါ ။

    2. မုန့်လုပ်သော ကြိတ်စက်ထဲ Cream Cheese ၊ သကြား ၊ ဆား ကို မွှေ့ ပါ ။ အားလုံးရောသမကာ နူးညံ့ပြီး မွမွလေး ဖြစ်လာလျှင်ရပါပြီ ။

    3. ဖြည်းဖြည်းချင်း Gelatin အရည် ၊ နွားနို့ နှင့် သံပုရာရည်များ လောင်းထည့်ပါ ။ စက်အချိန် အနေတော်ဖြင့်မွှေ့ ပါ ။

    4. ချိစ်အနှစ်ကို ရေခဲသေတ္တာထဲ အနည်းငယ် ပြစ်သွားတဲ့အထိ အအေးခံထားပါ ။

    5. အအေးခံထားသော ချိစ်အနှစ်ထဲ Whipped Cream ထည့်ပြီး ခတ်ဖွဖွလေး အားလုံးရောအောင်မွှေပါ ။

    6. ပြီးလျှင် ချီစ်ခရင်အနှစ်များကို မုန့်ဗန်းခွက် များထဲ မပြည့်တစ်ပြည့် လောင်းထည့်ပါ ။ ပြီးလျှင် ရေခဲသေတ္တာထဲ အနည်းငယ် တင်းမာသည်အထိ ထားပေးပါ ။

    7. အနည်းငယ် အေးသွားမှ လှီးထားသော စတော်ဘယ်သီးများကို ချီစ်ကိတ်ပေါ် စီတင်ပါ ။

    8. အပေါ်ကနေ Gelatin ဖျော်ထားသော အရည်ကို စုတ်တံလေးဖြင့် အနည်းငယ် လိုက်သုတ်ပြီး ရေခဲသေတ္တာထဲ ၁၅ -၂၀ မိနစ် လောက် ထပ် အအေးခံ ထားပါ ။

    9. စားခါနီး လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးဖြင့် တွဲဖက် စားလျှင် သိပ်လိုက်ဖက်ပါတယ် ။

    Credit: Syi Foodsgarden
  • Review

    User Rating

    3 (2 Votes)