ပုဇွန် - Prawn | အသီး - Fruits | အကြော် - Fried

စတော်ဘယ်ရီ ပုဇွန်ကီဝီကြော်

August 6, 2016

စတော်ဘယ်ရီ ပုဇွန်ကီဝီကြော်

Share this on:

strawberry

strawberry1

စတော်ဘယ်ရီသီး

  • ကီဝီသီး
  • ပုဇွန်
  • ဆား
  • အရသာမှုန့်
  • ဟင်းချက်ဝိုင် အနည်းငယ်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငရုပ်သီး  အနည်းငယ်
  • ကော်မှုန့်  အနည်းငယ်
  • ရေ အနည်းငယ်
  • ပဲငံပြာရည် အကြည်
  • ရှာလကာရည်
  • နှမ်းဆီမွှေး
  • သကြား အနည်းငယ်
  • ကြက်သွန်မြိတ်

ပြင်ဆင်ပြုလုပ်နည်း

  1. စတော်ဘယ်ရီနဲ့ ကီဝီသီးများကို ရေဆေးပြီး ကီဝီသီးကို အခွံနွာပါတယ်  ။  ဟင်းချက်မဲ့ ကီဝီသီးဟာ မှည့်ပြီး ပျော့အိနေတဲ့ အသီးမျိုးမဟုတ်ဘဲ မပျော့မအိတဲ့ ခပ်မာမာ အသီးကို အသုံးပြုဖို့ လိုပါတယ်  ။
  2. စတော်ဘယ်ရီနဲ့ ကီဝီသီးများကို အနေတော် အတုံးလေးတွေ တုံးပါ  ။
  3. ပုဇွန်တစ်ချို့ကို ရေဆေး အကြောဖယ်ပြီး ဆား ၊ အရသာမှုန့် ၊ ဟင်းချက်ဝိုင် အနည်းငယ် ထည့် ပြီး နယ်ထားပါ  ။
  4. ကြက်သွန်ဖြူ ၊ ကြက်သွန်နီများကို ခပ်ကြမ်းကြမ်းလေး တောက်တောက်စင်းထားပါတယ် ။ ငရုပ်သီး အနည်းငယ် ထည့်ပါ  ။
  5. ပြီးလျှင် ကြက်သွန်ဖြူ ၊  ကြက်သွန်နီကို ဆီသတ်ပါ  ။  အရောင်များ မထည့်ပါ ။
  6. ထို့နောက် ပုဇွန်များကို ထည့်လိုက်ပါတယ် ။  ပုဇွန်ကျက်လောက်တဲ့ထိ ကြော်ပါတယ် ။
  7. ကော်မှုန့် အနည်းငယ် ၊ ရေအနည်းငယ် ၊ ဆား ၊ အသားမှုန့် ၊ ပဲငံပြာရည် အကြည် ၊ ရှာလကာရည် ၊ နှမ်းဆီမွှေး ၊ သကြားအနည်းငယ်တို့ ရောမွှေထားတဲ့ အရောအနှောပါ ။
  8. အထက်က အရည်ကို ပုဇွန်အိုးထဲ လောင်းချပြီး မွှေလိုက်ပါတယ် ။  ကော်ရည်တွေ ခပ်ပစ်ပစ် ဖြစ်လာအောင် ခဏ မွှေပေးပါတယ် ။
  9. ထို့နောက် ကီဝီသီး ၊ စတော်ဘယ်ရီသီးနဲ့ ငရုပ်သီးတို့ကို ထည့်လိုက်ပြီး မွှေလိုက်ပါတယ် ။
  10. အသီးများကို ထည့်ပြီး တာနဲ့ မွှေလိုက်ပါတယ် ။  ထို့နောက် အရသာ အပေါ့အငံမြည်းပြီး မိမိနှစ်သက်တဲ့  အရသာဖြစ်အောင် လိုအပ်တာတွေ ထပ်ထည့်ပြီးတာနဲ့ ကြက်သွန်မြိတ်လေး အနေတော်လှီးထားတာကို ခတ်ပြီး ချ၍သုံးဆောင် နိုင်ပါပြီ  ။

အသီးများကို မီးပေါ် အချိန်ကြာကြာ မထားရပါ  ။  ကီဝီသီးနဲ့ စတော်ဘယ်ရီတွေဟာ အပူချိန် ပြင်းရင် ချက်ခြင်း ပျော့အိသွားတတ်တာကြောင့် အမြင်လည်း မလှ အရသာလည်း ပျက်သွားတတ်ပါတယ် ။  ဒါကြောင့် အဲဒီအသီးတွေကို အိုးထဲထည့်ပြီးတာနဲ့ ချက်ခြင်းဘဲ ခူးခတ်ဖို့ ပြင်ဆင်ရပါတယ် ။   ချက်ခြင်း ခူးလိုက်တော့ အသီးရဲ့ မူလ အရသာလည်း မပျက် ၊ ပုဇွန်ရဲ့ အရသာနဲ့ပါ ရောစပ်ပြီး အရသာ တစ်မျိုးထူးတဲ့ ပုဇွန်ရယ် စတော်ဘယ်ရီရယ် ကီဝီသီးရယ်ကို ချိုချဉ်လေး ကြော်ထားတာ သုံးဆောင်လို့ ရပါပြီး ။  ဟင်းရဲ့ အရသာက တကယ်ကောင်းပါတယ် ။ ထမင်းလည်း မြိန်စေပါတယ် ။

Credit: Chaw

Review

User Rating

5 (3 Votes)