အခုနောက်ပိုင်းမှာ လူတွေတော်တော်များများက သွားကျန်းမာရေးကို ဂရုစိုက်လာကြပါတယ်။ နောက်ပိုင်း နေ့စဉ် သွားတိုက်ရုံသာမက ခံတွင်းအနံ့ပျောက်ဆေးရည်တွေကိုပါ အသုံးပြုလာကြပါတယ်။ ဒါပေမယ့် ကိုယ်သုံးမိလိုက်တဲ့ ခံတွင်း အနံ့ပျောက်ဆေးတွေဟာ ဓာတုပစ္စည်းတွေ အများအပြားပါတာကို သတိထားမိကြပါသလား။

အဲ့လို ဆေးတွေဟာလည်း ခံတွင်းကင်ဆာ ဖြစ်ပွားမှုနဲ့ ဆက်စပ်နေပါတယ်။ တစ်နှစ်ကို အမေရိကန်ပြည်ထောင်စုမှာ ခံတွင်းကင်ဆာ ဖြစ်ပွားတဲ့ လူပေါင်း ၄ သောင်း ၈ထောင်ရှိနေပြီး တစ်ကမ္ဘာလုံးမှာဆိုရင် လူပေါင်း ၆ သိန်း၄ သောင်းရှိပါတယ်။

ခံတွင်း ပလုပ်ကျင်းတဲ့ ဆေးတွေမှာ အယ်လ်ကိုဟော (Alcohol) တွေ၊ အဆိပ်တွေနဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

သွားကို ကျောက်တွေဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို Green Tea နဲ့ မိနစ်ပိုင်းအတွင်း ဖယ်ရှားနိုင်ပါတယ်။

Green Tea ကို တစ်ခါသောက်လိုက်ပါက သွားထဲမှာရှိတဲ့ ဘက်တီးရီးယား ပိုးမွှားများ တစ်ဝက်လောက်လျော့သွားတယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။

အဲ့ဒီအပြင် သွားတွေမှာရှိနေပြီးသား ကျောက်တွေကိုလည်း Green Tea က တဖြည်းဖြည်း လျော့ပါးသွားအောင် လုပ်နိုင်တဲ့ ဓာတ်တွေလည်း ပါဝင်ပါတယ်။

ဒါ့ကြောင့် တခြား ဓာတုပစ္စည်း တွေ သုံးတဲ့ ခံတွင်း ပလုပ်ကျင်းတဲ့ ဆေးရည်တွေထက် Green Tea ကို သွားကျန်းမာရေးအတွက် ရွေးချယ်သင့်ပါတယ်။