သကြားဓာတ် အချိုဟာ ဆီထက်ပိုပြီး လူကို အန္တရာယ် ဖြစ်စေကြောင်း American Heart Association က ထုတ်ပြန်ထားပါတယ်။ သကြားကို လွန်ကဲစွာ စားသုံးခြင်းဟာ နှလုံးညှစ်အားနည်းနိုင်ပြီး နှလုံးကို ဒုက္ခပေးစေနိုင်တဲ့ အရာပါ။

သကြားဟာ အဓိက ဗိုက်ကိုရွှဲစေပါတယ်။ အဝလွန်တဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အဆတော်တော်များများ တိုးလာပါတယ်။ သကြားလွန်ကဲစွာ စားခြင်းကြောင့် ကိုယ်တွင်းက ကလီစာတွေမှာ အဆီဓာတ်များလာပြီး လူကို ဝစေတာပါ။ ကြာလာရင်တော့ နှလုံးနဲ့ ဆီးချိုရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

Source: InVite® Health Blog

သကြားဟာ အသံတိတ် လူသတ်သမားလို့တောင် ခေါ်ကြပါတယ်။ သကြားဟာ Leptin Resistance ကို ရစေနိုင်ပါတယ်။ Leptin ဟာ အစာစားချင်စိတ်ကိုအာသာပြေစေတဲ့ဓာတ်ပါ။ Leptin Resistance ရတဲ့အခါ အစားအစာတွေကို စားပြီးရင် စားချင် ဖြစ်စေနိုင်ပါတယ်။

သကြားဟာ ကင်ဆာကို ဖြစ်စေပြီး အူထဲမှာ သကြားဓာတ်တွေ များလာရင်တော့ ကင်ဆာဖြစ်ပွားမှုကို အားပေးပါတယ်။ ရင်သားကင်ဆာနဲ့ အူမကြီး ကင်ဆာတွေကို ဖြစ်ပွားမှု နှုန်းများစေပါတယ်။ သရေစာနဲ့ အချိုရည်တွေမှာ သကြားဓာတ်တွေ လွန်ကဲစွာ ပါဝင်ပါတယ်။ အချိုစားလွန်းသူဟာ ကျောက်ကပ်ကိုလည်း ပျက်စီးစေနိုင်ပါတယ်။

Source: bugetul.ro

စစ်တမ်းတစ်ခုအရ ကမ္ဘာတဝန်းမှာ တစ်နှစ်ကို ၁၈၀၀၀၀ လောက် သကြားစားသုံးမှု လွန်ကဲလို့ သေကြေကြရပါတယ်။ ဆီးချို၊ နှလုံးနဲ့ ကင်ဆာရောဂါတွေကြောင့် သေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် ချိုလွန်းတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပြီး အာဟာရနဲ့ အညီ စားသုံးနိုင်ကြပါစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း ဆောင်းပါးအား ပြန်လည် ကိုးကားတင်ပြပါသည်။