အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဒိန်ချဉ်ကြိုက်နှစ်သက်သူတွေအတွက် သစ်သီးဒိန်ချဉ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မက်မွန်သီး (သို့) မိမိကြိုက်နှစ်သက်ရာ အသီးတစ်မျိုး ၁၆ အောင်စခန့်
  • ဒိန်ချဉ် ၁၂၅ ဂရမ်
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သံပုရိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

အအေးခံထားပြီးသား မက်မွန်သီး (သို့မဟုတ် မိမိကြိုက်နှစ်သက်ရာ အသီးတစ်မျိုးမျိုး) ကို အတုံးသေးတုံးပြီးနောက် သစ်သီးကြိတ်စက်ထဲထည့်ထားလိုက်ပါ။

ဒိန်ချဉ်၊ ပျားရည်နဲ့ သံပုရိုရည်တို့ ထပ်ထည့်ပြီး မွှေပေးရပါမယ်။

သစ်သီးအတုံးအခဲများအားလုံး အနှစ်အဖြစ်ပြောင်းလဲဖို့အတွက် ၄ မိနစ်၊ ၅ မိနစ်ခန့် မွှေပေးရမှာဖြစ်ပါတယ်။

ရလာတဲ့ သစ်သီးဒိန်ချဉ်ကို အနှစ်အတိုင်း စားလို့လည်း ရသလို ရေခဲမုန့်လိုမျိုး တင်းတင်းရင်းရင်းလေးဖြစ်ပြီး စားသုံးချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာအအေးခန်းထဲမှာ ၁ နာရီကနေ ၂ နာရီအတွင်း ထည့်ပေးထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သစ်သီးဒိန်ချဉ်လေး စားသုံးလို့ရပြီဖြစ်ပါတယ်။

Source: kitchenbowl.com