ထောပတ်သီး

ထောပတ်သီးက အရသာရှိပြီး အာဟာရပြည့်ဝတဲ့ အသီးဖြစ်တဲ့အပြင် ဆံသားကျန်းမာသန်စွမ်းစေဖို့ အတွက်လည်း ပေါင်းတင်လို့ရပါတယ်။

12705060-avocado-933060_1920-1491399746-650-d55b8aa87d-1491400086
• ထောပတ်သီး အမှည့် ၁လုံး
• သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း
• ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်ဥ ၁လုံး

ပါဝင်ပစ္စည်းများကို နှံ့စပ်အောင်မွှေပါ။ ဆံသားရဲ့ အရင်းကနေ အဖျားအထိ ကို သုတ်လိမ်းပေးပါ။ မိနစ် ၂၀လောက်ထားပါ။ ရေနွေးပူပူနဲ့ ရေဆေးချပါ။

12705010-aloe-2163120_1920-1491399688-650-330dd9e963-1491400086

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အာနိသင်တွေအများကြီးရှိပြီး ရောဂါများကိုလည်း ကာကွယ်နိုင်ပါတယ်။

ဆံကေသာ ကျန်းမာသန်စွမ်းဖို့အတွက်
• ရှားစောင်းလက်ပတ် အရွက် ၁ ရွက်
• Almond ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပြုလုပ်နည်း

ရှားစောင်းလက်ပတ်ကို အခွံခွာ၊ အစိတ်လေးတွေ စိတ်ပြီး Almond ဆီနဲ့ နယ်လိုက်ပါ။ ပြီးရင်ဆံပင်ပေါ်မှာ သုတ်လိမ်းပြီး အအုပ်လေး စောင်းကာ မိနစ် ၂၀ ထားပါ။ ပြီးရင် ရေနွေးနွေးနဲ့ ဆေးချပါ။

12704960-bananas-1354785_1920-1491399959-650-dab3a2f765-1491400086

ငှက်ပျောသီး

ငှက်ပျောသီးမှာလည်း ဆံကေသာ အတွက် အကျိုးရှိစေတဲ့ အာနိသင်တွေအများကြီးပါဝင်ပါတယ်။
• ငှက်ပျောသီး ၁လုံး
• ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပါဝင်ပစ္စည်းတွေအားလုံးကို မျှတအောင် မွှေလိုက်ပါ။ ဆံပင်မှာ နှံ့စပ်အောင် လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီးမှ ရေနွေးနွေးနဲ့ ဆေးချပါ။

treatment-baking-soda

ဆံပင်ပြန်ပေါက်ဖို့အတွက် Baking Soda

ဆံပင်တွေ ပြန်ပေါက်ဖို့အတွက်ဆိုရင် Baking Soda ကိုအသုံးပြုလို့ရပါတယ်။

• မုန့်ဖုတ်ဆိုဒါ (Baking Soda) လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• ရေ လက်ဖက်ရည်ဇွန်း ၉ ဇွန်း
ပါဝင်ပစ္စည်းများကို ရောမွှေပြီး ဆံပင် အရင်းကနေ အဖျားအထိ နှံ့စပ်အောင် လိမ်းပေးပါ။ ၁ မိနစ်ကနေ ၃ မိနစ်ကြားထားပြီး ရေဆေးချပါ။ ၁ လလောက်ကြာရင် သိသာ ထူးခြားလာပါလိမ့်မယ်။