အခြောက်အခြမ်းများ - Dried Foodstuffs

နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာများ

September 29, 2016

နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာများ

Share this on:

Shwemom ရဲ့ပရိသတ်ကြီးထဲမှာ နှလုံးအတွက် ဆေးထိုးဆေးစားနေရတဲ့သူတွေ ရှိနိုင်ကောင်းပါတယ်။ တကယ်တော့
ရောဂါတစ်ခုဆိုတာ ဆေးထိုးဆေးစား နေရုံနဲ့ ထိရောက်မှုနည်းပါးပါတယ်။ ဒီတော့ နှလုံးကို ပိုပြီးကျန်းမာစေတဲ့ အစား
အသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆော်လမွန်ငါး

Fish

ဆော်လမွန်ငါးမှာ နှလုံးကို စောင့်ရှောက်ပေးနိုင်တဲ့ ဗီတာမင် B-12 106% အထိ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B-6 65% အထိ ပါဝင်သလို ဗီတာမင် A,C,D စတဲ့ အကျိုးပြုဓာတ်တွေလည်း ပါဝင်ပါတယ်။ လူကို ဒုက္ခမပေးနိုင်တဲ့ သဘာဝ ကယ်လိုရီ 412 အထိ ပါဝင်ပြီး နှလုံးကျန်းမာရေးကိုသာမက ကင်ဆာကဲ့သို့သော ရောဂါဆိုးတွေကိုပါ ကာကွယ်နိုင်တဲ့ အစားအစာဖြစ်ပါတယ်။

(၂) လိမ္မော်/သံပုရာမျိုးရင်းဝင်အသီးများ

Lemon

အမျှင်ဓာတ်၊ အက်စစ်ဓာတ်နဲ့ ဗီတာမင် C များစွာကြွယ်ဝတဲ့ လိမ္မော်/သံပုရာမျိုးရင်းဝင်အသီးများကို နေ့စဉ် စားသုံးပေးပါ
ကလည်း နှလုံးကို အထူးကောင်းမွန်စေပါတယ်။ အဆီချခြင်းကိုလည်း ထိရောက်စေပြီး သွေးတိုး၊ သွေးချို၊ ဆီးချို၊ အသဲ
အဆီဖုံး စတဲ့ရောဂါတွေအပြင် ကင်ဆာကဲ့သို့သော ရောဂါတွေကိုပါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၃) အာလူးနှင့် ပဲအမျိုးမျိုး

Potato with Beans

ကိုလက်စထရော လုံးဝမပါဝင်တဲ့ အာလူသီးမှာ လူ့ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ဗီတာမင် C, B-6 စတဲ့ဓာတ်
တွေအပြင် မဂ္ဂနီစီယမ်ဓာတ်လည်း ပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာတော့ ဗီတာမင်၊ ပရိုတိန်းနဲ့ အခြားသတ္ထုဓာတ်တွေ ပါဝင်
လို့ နှလုံးကျန်းမာရေးကိုသာ မက လူခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်နိုင်စွမ်းအားကိုပါ မြင့်တင်ပေးနိုင်ပါတယ်။

(၄) ခရမ်းချဉ်သီး

Tomato

ဗီတာမင် A,C,B-6,B-12 စတဲ့ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ခရမ်းချဉ်သီးကိုလည်း နေ့စဉ်ပုံမှန်စားပေးပါက နှလုံးကျန်း
မာရေးကို အထူးကောင်းမွန်စေပါတယ်။ ခရမ်းချဉ်သီးကို ရေနဲ့စင်အောင်ဆေးပြီး ဒီအတိုင်းစားလိုက်ခြင်းက ကျန်းမာရေး
ကို ပိုမိုအထောက်အကူပြုပြီး အသားရေလှပခြင်း၊ ကင်ဆာရောဂါအမျိုးမျိုးနဲ့ သွေးတိုး၊ သွေးချို၊ ဆီးချို၊ အသဲအဆီဖုံး စတဲ့
ရောဂါတွေကိုလည်း မဖြစ်စေပါဘူး။

Credit: Shwemom http://shwemom.com

Review

User Rating

3.9 (14 Votes)