ကီဝီ ၂ လုံးစားပါ

04-Kiwis_Surprising-Energy-Boosters-That-Arent-Coffee_646158013-wmslon

ကီဝီသီးတွေမှာ စွမ်းအင်ကို တိုးစေတဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ တစ်နေ့ကို ကီဝီသီး ၂ လုံးစားရင် မောပန်းနွမ်းနယ်ခြင်းကို ပြေပျောက်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေကာ အားအင်ကို တိုးစေပါတယ်။

သီချင်း ကျယ်ကျယ်နားထောင်ပါ

09-Music_Surprising-Energy-Boosters-That-Arent-Coffee_522291646-Stock-Asso

အလုပ်ထဲမှာ မောပန်းနေပြီး အားအင် ကုန်ခမ်းနေသလို ခံစားရရင် နားထဲမှာ နားကြပ်တပ်ပြီး သီချင်းကျယ်ကျယ်နားထောင်လိုက်ပါ။

သီချင်းကျယ်ကျယ်နားထောင်တာဟာ အားအင်ကို တိုးမြင့်စေပြီး စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုလည်း ကောင်းစေပါတယ်။

မနက်စာစားပါ

10-Breakfast_Surprising-Energy-Boosters-That-Arent-Coffee_694972744-Cabeca-de-Marmore

မနက်စာက တစ်နေ့လုံးအတွက် အရေးကြီးဆုံး အစားအစာဖြစ်ပါတယ်။ မနက်စာစားထားတဲ့သူက ပိုပြီးတက်ကြွလန်းဆန်းပြီး စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါတယ်။

မျက်နှာသစ်ပါ

11-Wash_Surprising-Energy-Boosters-That-Arent-Coffee_155472641-George-Rudy

မြန်မြန် လန်းဆန်းချင်သလား။ ကော်ဖီသောက်တာထက် အမြန်ဆုံးလန်းဆန်းတက်ကြွစေတာက မျက်နှာသစ်တာဘဲဖြစ်ပါတယ်။ ရေအေးအေးကို မျက်နှာပေါ်တင်လိုက်တာနဲ့ လန်းဆန်းတက်ကြွသွားမှာပါ။

ရေများများသောက်ပါ

ရေသောက်ပြီး ဝိတ်ချကြစို့

လူ့ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀ ရာခိုင်နှုန်းလောက်လိုအပ်ပါတယ်။ ရေဓာတ်အနည်းငယ်ခမ်းခြောက်ရင်တောင် မောပန်းလွယ်ပါတယ်။ ဒါကြောင့်တစ်နေ့ကို ရေ ၈ ခွက်၊ ၉ ခွက်လောက်အနည်းဆုံး သောက်သင့်ပါတယ်။