ဆီတွေအပြည့်နဲ့ ဟင်းတွေကိုစားရတာ ရိုးအီနေပြီ၊ အီစိမ့်နေပြီဆိုရင်တော့ ဒီဟင်းလျာလေးကို ပြောင်းချက်၍ စားသုံးကြည့်ပါ။ အရသာက ချိုချဉ်လေး၊ အသားကလည်း အရိုးမပါဘူးဆိုတော့ စားရတာအလွန်မှ ခံတွင်းမြိန်လှမှာပါ။ ဟင်းချေးများတဲ့ ကလေးတွေတောင် ချေးများနိုင်တော့မှာမဟုတ်ဘဲ အရသာရှိရှိ စားလွန်းလို့ အံ့အားသင့်နေအုံးမှာနော်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥအကာ – ၂ လုံး
  • ပြောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • အရေခွံမပါ၊ အရိုးမပါသည့် ရင်ပုံသား – ၁ ပေါင် (၁ လက်မအရွယ် အတုံးလေးတွေ)
  • ဆားမခတ်ထားသည့် Ketchup – လက်ဖက်ရည်ဇွန်း ၆ ဇွန်း
  • ရေ – ခွက် ၁ ခွက်ရဲ့လေးပုံတစ်ပုံ

  • ပန်းသီးရှာလကာရည် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • သကြားအညို – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆိုဒီယမ်ပါဝင်မှုနည်းသည့် ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် တစ်ဝက်
  • ဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ငရုတ်ပွအနီ – ၁ လုံး (၁ လက်မအရွယ်အစိတ်လေးတွေ လှီးပြီးသား)
  • နာနတ်သီး – ခွက် ၁ ခွက်နှင့်တစ်ဝက် (အတုံးလေးတွေ)
  • ဂျင်း (ကြိတ်ပြီးသား) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် – ၃ ပင် (လှီးပြီးသား)
  • ဆား – အနည်းငယ်

ပြင်ဆင်ချက်ပြုတ်ပုံ

ကြက်ဥအကာ၊ ပြောင်းမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ပန်းကန်လုံးကြီးထဲထည့်ခေါက်ပါ။ ကြက်သားတွေကိုထည့်ပြီး နယ်ပေးပါ။

ကျန်ရှိနေတဲ့ ပြောင်းမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ketchup၊ ရေ၊ ပန်းသီးရှာလကာရည်၊ သကြားအညို၊ ပဲငံပြာရည်တို့ကို ရောမွှေပါ။

မကပ်သည့် လက်ကိုင်ပါဒယ်အိုးကို မီးအနေတော်နဲ့ အပူပေးပါ။ ဆီထမင်းစားဇွန်း ၁ ဇွန်းထည့်မွှေပါ။ ငရုတ်ပွတွေကို ဒယ်အိုးထဲထည့်ပြီး ၂ မိနစ်အဆက်မပြတ်မွှေပေးပါ။

ပြီးလျှင် နာနတ်သီး၊ ဂျင်း၊ ကြက်သွန်နီတို့ကိုလည်း ဒယ်အိုးထဲထည့်ပြီး နောက်ထပ် ၂မိနစ် အဆက်မပြတ်မွှေပေးပါ။ အချိန်ပြည့်သွားလျှင် ပန်းကန်ထဲကိုပြောင်းထည့်ပါ။

နောက်ထပ်ကျန်နေတဲ့ ဆီ ထမင်းစားဇွန်း ၁ ဇွန်းကို ဒယ်အိုးထဲထည့်မွှေပါ။ ပြီးလျှင် နယ်ထားသည့်ကြက်သားတွေကို ဒယ်အိုးထဲထည့်ကာ ၆မိနစ်ကြာ သို့မဟုတ် အညိုရောင်သမ်းလာသည်အထိ မွှေပေးပါ။

အစောက ချက်ထားသည့် ketchup အနှစ်နှင့် ငရုတ်ပွအနှစ်တို့ကို ဒယ်အိုးထဲထည့်ပါ။ ၁ မိနစ်ကြာ သို့မဟုတ် အနည်းငယ်ပျစ်လာသည်အထိ တည်ထားပြီးရင် ဆားအနည်းငယ်ဖြူးပေးပြီးသည်နှင့် ချက်ချင်းစားသုံးနိုင်ပါပြီ။