ဒီတခါမှာတော့ စီချွမ်စတိုင်လ် ငါးကောင်လုံး ချိုချဉ်ကို ချက်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ငါး တစ်ကောင်
  • တရုတ် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း သို့ ဘီယာ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ စည်း
  • ဂျင်း လက်မအရွယ်လောက် ထောင်းထားပါ။
  • ပြောင်းကော်မှုန့် (Corn Starch) ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံ
  • ဆီ (ကြော်ဖို့အတွက်)

ဆော့စ် လုပ်ဖို့

  • ခရမ်းချဉ်သီး အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဟင်းသီးဟင်းရွက် ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆန် ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း သို့ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ပုံ
  • ရေ အနည်းငယ်
  • ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (တောက်တောက်စဉ်းထား)
  • ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း (တောက်တောက်စဉ်းထား)
  • ပြောင်းကော်မှုန့် (Corn Starch) လက်ဖက်ရည်ဇွန်း ၁ဇွန်းရဲ့ တစ်ဝက် ကို ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောပါ။

ပြုလုပ်နည်း

ငါးကို သန့်ရှင်းအောင်လုပ်ထားပါ။ ငါးကို ဒေါင်လိုက်လေး လှီးထားပါ။ ဒါပေမယ့် ပြတ်အောင် မလှီးပါနဲ့။

ဆားနဲ့ ဟင်းချက်ဝိုင်ကို ငါးရဲ့ အတွင်းပိုင်းရော၊ အပေါ်ပိုင်းမှာ နှံ့နေအောင် စုပ်စုပ်ပြီး နယ်ပေးပါ။ ငါးဗိုက်ထဲမှာ ဂျင်း၊ ကြက်သွန်မြိတ်ကိုထည့်ပြီး မိနစ် ၃၀ လောက်နှပ်ထားပေးပါ။

ငါးကို သန့်ရှင်းရေးလုပ်ပြီး ကြက်သွန်မြိတ်နဲ့ ဂျင်းတို့ကို ဖယ်လိုက်ပါ။ ဆီ ပွက်ပွက်ဆူအောင် တည်ထားလိုက်ပါ။

ငါးကို ပြောင်းဖူး ကော်မှုန့် ဖြူးပြီး နယ်လိုက်ပါ။ အပေါ်အဆင့်မှာ ငါးကို အသားတွေ ဒေါင်လိုက်လှီးခဲ့တဲ့နေရာကို အဓိက ကော်မှုန့် ရောက်အောင် ဂရုစိုက်ပါ။

၅ မိနစ်လောက် ဒီအတိုင်းထားပါ။

ငါးကို အမြီးကနေ ကိုင်ပြီး ခေါင်းနေစတင်ကာ ပွက်ပွက်ဆူနေတဲ့ ဆီအိုးထဲကိုထည့်လိုက်ပါ။ ငါးထည့်ပြီးရင် မီးကို လျော့လိုက်ပါ။ မီးအေးအေးနဲ့ ငါးကို အညိုရောင်ပြောင်းသွားတဲ့အထိ ကြော်လိုက်ပါ။ ဟိုဘက်ဒီဘက် လှန်ပေးပါ။ ငါးကြော်ချိန်က ၆ မိနစ်ကနေ ၈ မိနစ်ကြားလောက်ရှိပါလိမ့်မယ်။

အဲ့လို ကြော်နေချိန်မှာဘဲ၊ တခြား တစ်ဖက်မှာ ဇလုံတစ်လုံးကို ယူလိုက်ပါ။ ဇလုံတစ်လုံးထဲမှာ ပြောင်းကော်မှုန့် ကလွဲပြီး တခြား ဆော့စ်လုပ်ဖို့ လိုတဲ့ ပါဝင်ပစ္စည်းတွေကို ထည့်ပါ။ ၂ မိနစ်လောက် တည်ထားပါ။ ပြောင်းကော်မှုန့် ကို ရေဖျော်ထားတာ ထည့်ပြီးမွှေကာ ဆော့စ် ပျစ်တဲ့အထိ ချက်ပါ။

ချိုချဉ်ဆော့စ်လေးကို ငါးပေါ်မှာ လောင်းထည့်လိုက်ပါ။

ကြက်သွန်မြိတ်လေးနဲ့လည်း ငါးပေါ်မှာ အလှဆင်လို့ရပါတယ်။

ဒါဆိုရင် အရသာရှိတဲ့ စီချွမ် စတိုင် ငါးကောင်လုံး ချိုချဉ်ကြော်လေး စားလို့ရပါပြီနော်။

Photo Credits: China Sichuan Food