အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ငါး ချိုချဉ်လေး ချက်စားရအောင်နော်။

ပါဝင်ပစ္စည်း

  • ငါး (၅၅၀ ဂရမ်)
  • ဆီ
  • အသီးအရွက်စုံအနည်းငယ် (မိမိနှစ်သက်ရာ)
  • ပန်းဂေါ်ဖီစိမ်းအနည်းငယ်
  • ကြက်သွန်နီ ၊ ဂျင်း၊ ကြက်သွန်ဖြူ အနည်းငယ်

ငါးချိုချဉ်အနှစ်အတွက်

  • ရေ ၈ မီလီလီတာ
  • ရှာလကာရည် ၅ မီလီလီတာ
  • သကြား ၄၀ ဂရမ်
  • ပဲငံပြာရည် ၃ မီလီလီတာ

  • ဝိုင် ၂ မီလီလီတာ
  • ခရမ်းချဉ်သီး ဆော့စ် ၃၀ ဂရမ်
  • ဆား ၃ ဂရမ်

ငါးကြော်ရန်အတွက်အကြော်အနှစ်ဖျော်ရန်

  • ရေ ၁၀၀ ဂရမ်
  • ဂျုံမှူန့် ၆၀ ဂရမ်
  • ပြောင်းဖူးကော်မှူန့်

ပြုလုပ်ပုံအဆင့်ဆင့်

အရင်ဆုံး ပန်းဂေါ်ဖီစိမ်းကို ရေနွေးလေးနဲ့ပြုတ်လိုက်ပါ။ အဲဒီနောက် ခဏဆယ်ထားလိုက်ပါ။

ငါးကိုရေဆေးလိုက်ပါ။

အဲဒီနောက် ဓါးကို ၄၅ဒီဂရီလောက်စောင်းပြီး ငါးကို အရာလေးတွေပေးလိုက်ပါ။

ဆားနဲ့ ဝိုင်တို့နဲ့ ငါးကို မိနစ် ၃၀ လောက်စိမ်ထားပါ။

အဲဒီနောက် ရေ၊ ဂျုံမှူန့်နဲ့ကော်မှူန့်တို့ရောလိုက်ပါ။

ငါးကိုလည်း အဲဒီထဲနှစ်လိုက်ပါ။

ဆီကိုပူအောင်သည်လိုက်ပြီး ငါးကိုထည့်ကြော်လိုက်ပါ။

ငါးကြွပ်ကြွပ်ကြော်ရသွားပြီ (ရွှေရောင်သန်းလာပြီ) ဆိုရင်တော့ ငါးကိုဆယ်လိုက်ပါ။

နောက်ထပ် အိုးတစ်လုံးထဲမှာ ရေ၊ ရှလကာရည်၊ သကြား၊ ပဲငံပြာရည်၊ ဝိုင်တို့ကို ဆူအောင်သည်လိုက်ပါ။

ကြက်သွန်နီ ၊ ဂျင်းနဲ့ ကြက်သွန်ဖြူထည့်လိုက်ပါ။

ခဏမွှေပေးလိုက်ပါ။

အဲဒီနောက် ခရမ်းချဉ်သီးဆောလ့်ကိုထည့်လိုက်ပါ။ မိမိနှစ်သက်ရာ အသီးအရွက်စုံကို ထည့်လိုက်ပြီး မွှေပေးလိုက်ပါ။

ဆားထည့်လိုက်ပါ။ ကျက်တဲ့အထိကြော်ပေးလိုက်ပြီး ငါးကြော်ပေါ်ကို လောင်းထည့်လိုက်ပါနော်။

ဒါဆိုရင်တော့ သုံးဆောင်လို့ရပါပြီ။

Source: www.yamofchina.com

By: MyFood Myanmar