အာလူးစားရတာကို ကြိုက်တဲ့လူတွေအတွက် အာလူးကဗျာလွတ်ကြော်ဆိုတဲ့ သရေစာလေးလုပ်စားကြမယ်။

ပါဝင်ပစ္စည်းများ

Source: Potato Market

  • အာလူးအလုံးသေး ၂၅ကျပ်သား
  • ထောပတ် ၁ဇွန်း
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်မြိတ် ၂ပင်

ပြုလုပ်နည်း

အာလူးတွေကို ရေဆေးပြီး အခွံခွာပြီး အနည်းငယ်လေး ကွဲအက်သွားအောင် ထုခြေပေးပါ။ မကပ်တဲ့ဒယ်အိုး (Non-Stick Pan ) မှာ ထောပတ်ကိုအပူပေးပါ။ (အနိမ့်ဆုံးမီးအပူချိန်ဖြစ်ရပါမယ်)

Source: ZimboKitchen

အာလူးတွေကိုထည့်ပြီးအဖုံးဖုံးထားပါ။ (အဖုံးဖုံးထားမှ အာလူးရဲ့အတွင်းသားတွေ ထိကျက်ပြီး လျှော့ချထားတဲ့ မီးအပူချိန်ကြောင့် အပြင်ဖက်မှာ မိမိလိုချင်တဲ့ အရောင်နှင့် ကြွပ်ရွမှုကိုရမှာပါ။)

ပုံပါအတိုင်း မိမိလိုချင်တဲ့ အနေအထားရောက်ပါမှ ဆား၊ ငရုတ်ကောင်းမှုန့်လေးဖြူးပေးပါ။ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်လေး အပေါ်မှဖြူးပေးပါ။

Credit: ဟင်းချက်နည်းများ