အသီးမှာ သရက်၊ အသားမှာ ဝက်ဆိုသလို မြန်မာလူမျိုးများက ဝက်သားကို နှစ်ခြိုက်စွာစားသုံးလေ့ရှိပါတယ်။ ဒါဆိုရင် ဝက်သားကို အရသာရှိအောင် အချိုချက် ဘယ်လိုချက်မလဲဆိုတာ အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင်ခွဲ
  • သကြားညို လက်ဖက်ရည်ဇွန်း ၈ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ တစ်လုံး
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင်

ပြုလုပ်နည်းအဆင့်ဆင့်

Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ပန်းကန်လုံးတစ်လုံးထဲတွင် သကြားညို၊ ငရုတ်သီမှုန့်။ ဂျင်းမှုန့်၊ ငရုတ်ကောင်းမှုန့်နဲ့ ဆားတို့ကို ရောမွှေထားပါ။ မွှေပြီးသောအခါ ထိုအမှုန့်တစ်ဝက်ခန့်ကို ဝက်သားပေါ်ဖြူးကာ နယ်ပေးလိုက်ပါ။

ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ကာ ဝက်သားတုံးထည့်ပြီး ကြော်ပေးလိုက်ပါ။ ဝက်သားတုံးအညိုရောင်ပြောင်းလာပါက လင်ဗန်းထဲသို့ပြောင်းထည့်ပြီး Oven ထဲတွင် ၂၅ မိနစ်၊ မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။ အချိန်ပြည့်ပါက Oven ထဲက ထုတ်ပြီး ၁၀ မိနစ်ခန့် အအေးခံထားပါ။

ထိုအချိန်တွင် ကြက်သွန်နီကို အတုံးခပ်ကြီးကြီးလှီးထားပါ။ ဝက်သားများ အေးသွားပါက အနေတော်အထူခန့် လှီးဖြတ်ထားပါ။

နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ကာ ကြက်သွန်နီကို ၂ မိနစ်ခန့်ကြော်ပေးလိုက်ပါ။ ထို့နောက် ဝက်သားထည့်ပြီး သေချာမွှေပေးလိုက်ပါ။ စက္ကန့်အနည်းငယ်အကြာမှာ ကျန်ရှိနေတဲ့ သကြားညိုအရောအနှောတစ်ဝက်ကို ဒယ်အိုးထဲထည့်ကြော်ပေးလိုက်ပါ။

သကြားမှုန့်များ ဝက်သားထဲ စိမ့်ဝင်သွားလောက်ပြီဆိုမှ မီးဖိုပေါ်ကချပြီး ပန်းကန်ပြားထဲပြောင်းထည့်ကာ ကြက်သွန်မြိတ်များနဲ့ အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ ဝက်သားအချိုချက် ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Picturetherecipe.com