ကြက်အူချောင်း ချိုဆိမ့် ကို ခရမ်းချဉ်သီး အချဉ် အရသာလေးနဲ့တွဲဖက် ပြီး ကြော်ချက်လေး … လုပ်စားကြည့်လိုက်နော်…

ပါဝင်ပစ္စည်းများ

  • ကြက်အူချောင်း ၅ ချောင်း (အနေတော် ပါးပါးလေးတွေလှီးထားပါ)
  • ကြက်သွန်ဖြူ ၁ တက် (နူတ်နူတ်စင်းထားပါ)
  • ကြက်သွန်နီ ၁ လုံး (ခတ်နုတ်နုတ်လှီးထားပါ)
  • ခရမ်းချဉ်သီး ၅ လုံး (အတုံးသေးလေးတွေ လှီးထားပါ)
  • ဆား အနည်းငယ်
  • ငံပြာရည် တစ်ဝက်ဇွန်း လက်ဖက်ဇွန်း
  • ပင်စိမ်း ၃ ပင် (အရွက်တွေ ချွေထားပါ)
  • ကာနိုလာဆီ ၂ ဇွန်း လက်ဖက်ဇွန်း

ပြုလုပ်နည်း

  1. မကပ်သော ဒယ်အိုးထဲ ဆီထည့်ပြီး ပူအောင်တည်ပါ။ ဆီပူလျင် ကြက်သွန် ဖြူ၊နီ နှင့် ကြက်အူချောင်း အနည်းငယ် ကျွတ်အောင်ကြော်ပေးပါ။ သေချာနှံ့အောင် မွှေပေးပါ။ ပင်စိမ်းက ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ ထည့်ပြီး မွှေပေးပါ၊ ခရမ်းချဉ်သီး နူးအိတယ့် အထိတည်ပါ။ ဆားမြည်းပါ၊ ပင်စိမ်း များ ဖြူးပြီး ပူပူလေးသုံးဆောင်ပါ။