အားလုံးပဲမင်္ဂလာပါနော်။ ထမင်းစားမြိန်စေပြီးတော့ အရသာရှိတဲ့ ဝက်သားအချိုချက်လေး ချက်နည်းကိုမျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ဝက်သား
  • ဆီ
  • ဆား
  • ပဲငံပြာရည်အနောက်
  • သကြား

  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဂျင်းထောင်း
  • အရောင်တင်မှုန့်

ပြုလုပ်နည်း

အရင်ဆုံး ဝက်သားအတုံးလေးတွေကို ဆား၊ ပဲငံပြာရည်၊ သကြားတို့နဲ့ နယ်ပေးလိုက်ပြီး နှပ်ပေးထားပါ။

ပြီးရင်တော့ ဆီကိုအပူပေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကိုထည့်ပြီး ဆီသတ်လိုက်ပါ။

ကြက်သွန်တွေနွမ်းလာရင် အရောင်တင်မှုန့်ထည့်ပါ။

ပြီးရင်တော့ သေချာလေးမွှေပေးလိုက်ပြီး ဝက်သားနှယ်ထားတာကို ထည့်လိုက်ပါ။

ခဏလောက်မွှေပေးပြီး ရေနည်းနည်းထည့်လိုက်ပါ။

ဝက်သားတွေနူးအိလာရင်တော့ ပူပူနွေးနွေးသုံးဆောင်လို့ရပါပြီနော်။

By: MyFood Myanmar