မြန်မာနိုင်ငံမှာ ကြာစွယ်ကို Hot Pot ထဲထည့်သောက်ရာကနေ အခုနောက်ပိုင်း ကြာစွယ်ကို စားသုံးလာကြပါတယ်။

တရုတ်နိုင်ငံမှာတော့ ကြာစွယ်ကို အဆုတ်အတွက်ကောင်းတယ်ဆိုပြီး စားကြပါတယ်။

ပါဝင်ပစ္စည်းများ

ကြာစွယ် ၂ ချောင်း (ပါးပါးလေး လှီးထားပါ)

ကြက်သွန်ဖြူ ၃ မွှာ (ထောင်းထားပါ)

ဂျင်း လက်တစ်ဆစ် ( ထောင်းထားပါ)

ကြက်သွန်မြိတ် ၄ ချောင်း (အသေးလေးတွေစိတ်ထားပါ)

ငရုတ်သီး ကို တစောင်းလေးတွေလှီးထားပါ

ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၁ဇွန်းရဲ့ ၈ ပုံ ၁ပုံ

ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ဆား အနည်းငယ်

ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း

ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

ပြုလုပ်နည်း

ကြာစွယ်ကို ပါးပါးလှီးထားပြီး ရေထဲမှာ သန့်ရှင်းရေးလုပ်ကာ မိနစ်အနည်းငယ်လောက် ရေစိမ်ထားပါ။

အိုးအကြီးထဲမှာ ရေ လုံလုံလောက်လောက် ထည့်ပြီး ကြာစွယ်ကို ၁ မိနစ်လောက် ထည့်ပြုတ်ပါ။ ကြာစွယ်အနေတော်လောက်ဆိုရင် ရေစစ်လိုက်ပါ။ ကြာစွယ်ကို အဖြူရောင်အနေထားလောက်ဘဲ ထားပါ။

ဒယ်အိုးထဲ ဟင်းချက်ဆီထည့်ပြီး ငရုတ်သီး၊ ငရုတ်ကောင်းတို့ကိုထည့်ပြီး မီးအေးအေးနဲ့ ကြော်ပါ။ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် တို့ကို ထည့်ကြော်ပါ။

မီးမြှင့်လိုက်ပြီး ကြာစွယ်ထည့်ကြော်ပါ။ ဆား၊ ပဲငံပြာရည်ထည့်ပါ။ သမအောင် မွှေပြီး ကြော်ပါ။ ရှာလာရည်ထည့်ပါ။ ကြော်နေချိန်မှာ ကြက်သွန်နီ၊ ငရုတ်သီးတို့ကို မတူးအောင် ဂရုစိုက်ပါ။

ဒါဆိုရင်တော့ ခပ်စပ်စပ် ကြာစွယ်ကြော်လေး ရပြီနော်။