မန်ကျည်းရွက် ငပိချက်လေးပါ။  မကျည်းရွက် လတ်လတ်ဆတ်ဆတ် မရှိလို့ မန်ကျည်းပေါင်း ထုတ်လေးနဲ့ ချက်ထားတာပါ ။ချဉ်ငံစပ်မို့ ထမင်းကတော့ အရမ်းကို မိန်စေမှာပါ။  မကျည်းပေါင်းက အငံပါပြီးသားမို့ အငံရှော့ပြီး ချက်ထားသလို အရည်လေး ဆမ်းပြီး စားချင်တာမို့ အရည်လေးစပ်ကျင်းနဲ့ ချက်ထားပါတယ် ။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ခြောက်မှုန့် လုံးခြမ်းခွဲ လက်ဖက်ရည်ပန်းကန် တစ်လုံးစာ (မညက်တစ်ညက် ထောင်းထားသော)
  • ပေါင်းပြီးသားမန်ကျည်းရွက် လက်ဖက်ရည်ပန်းကန်လုံး တစ်လုံး
  • ပါးပါးလှီးထားသောကြက်သွန်နီ အနေတော် တစ်ဥ
  • ငရုတ်သီးလုံးခြမ်းခွဲ နှစ်ဇွန်းခွဲ (ထမင်းစားဇွန်းမောက်မောက်)
  • ငံပြာရည် နှစ်ဇွန်း (ထမင်းစားဇွန်း)
  • ဆီ နှစ်ဇွန်းခွဲ (ထမင်းစားဇွန်း)
  • ငရုတ်သီးစိမ်း နှစ်သက်သလောက်
  • ငရုတ်သီးမှုန့် အနည်းငယ်
  • အရသာမှုန့် တစ်ဝက် (လက်ဖက်ရည်ဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. ဆီပူပူမှာ ကြက်သွန်နီကို အရင်နွမ်းသွားအောင် ထည့်ကြော်ပါ ။ ကြက်သွန်နီ နွမ်းသွားပါက ငရုတ်သီးမှုန့်ကို မွှေးသွားအောင် ထည့်ဆီသတ်ပါ ။
  2. ငရုတ်သီးမွှေးသွားပါက မကျည်းပေါင်းကို ထည့်မွှေပေးပါ ။ ပြီးလျှင်ပုဇွန်ခြောက်မှုန့် ၊ ငံပြာရည်နှင့် အရသာမှုန့်တို့ ထည့်ပြီး မွှေပေးပါ ။
  3. အားလုံးသမသွားပါက ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ ။
  4. ပထမတစ်ရည် ခမ်းသွားပါက နောက်တစ်ရည် ထပ်ထည့်ပြီး ဆူအောင်တည်ပေးပါ ။ ပြီးလျှင် ငရုတ်သီးစိမ်း ထည့်မွှေပေးပါ ။
  5. အရည်များများနှင့် ကြိုက်ပါက ရေများများနဲ့ ချပေးပါ ။ အရည်နည်းနည်းနှင့် ကြိုက်ပါက ရေနည်းနည်းချန်ပြီး ချက်ပေးပြီးရင် ရပါပြီ။

Credit: Mar Mar Lwin