ဆီးချိုရောဂါကို စနစ်တကျထိန်းသိမ်းမှုနှင့် သွေးချိုပမာဏကိုထိန်းချုပ်ရာမှာ ကျန်းမာရေးနဲ့ညီညွတ်သည့် စားသောက်မှုပုံစံက အဓိကအခန်ကဏ္ဍကနေ ပါဝင်နေပါတယ်။ စားသောက်မှုပုံစံဆိုသည်နှင့် ထမင်းစားသုံးမှုတစ်ခုသာမဟုတ်ဘဲ သရေစာမုန့်များလည်း ပါဝင်နေပါတယ်။ ဆီးချိုသမားများသည် ဘာမှမစားဘဲနဲ့ နာရီပေါင်းများစွာကြာအောင် မသွားလာနိုင်သောကြောင့် သွေးချိုပမာဏ အလွန်မြင့်သွားခြင်း၊ တက်သွားခြင်းမဖြစ်ရအောင် ပမာဏအနည်းငယ်စီကို ခဏခဏ စားပေးရပါတယ်။

သို့ရာတွင် အဆာပြေစာမုန့်များဖြစ်သော်လည်း သွေးဂလူးကို့စ်ပမာဏကို ထိန်းသိမ်းပေးနိုင်ပြီး ကိုယ်အလေးချိန်တက်လာခြင်းမှ ရှောင်ကြဉ်နိုင်ဖို့ အစားအသောက်ပမာဏကို ဂရုစိုက်ရန်လည်း အလွန်အရေးကြီးပါတယ်။ ထို့ကြောင့် မည်သည့်အစားအစာများက ဆီးချိုသမားတွေအတွက် သင့်တင့်မျှတမှုရှိကာ ကျန်းမာရေးနဲ့ ညီညွတ်သလဲဆိုတာကို သိရှိစေရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဒိန်ချဉ်

ပရိုတင်းအပြည့်အဝနှင့် ကာဘိုဟိုက်ဒရိုတ်နည်းပါးသည့် ဒိန်ချဉ်သည် ကယ်လ်စီယမ်ကြွယ်ဝပြီး ကယ်လိုရီပါဝင်မှုအလွန်နည်းပါးပါတယ်။ အူအတွင်းရှိ ဘတ်တီးရီးယားဟန်ချက်ကို ချိန်ညှိပေးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

၂။ တရုတ်နံနံ

ကယ်လိုရီ၊ အဆီနှင့် ကိုလက်စထရော ပါဝင်မှုနည်းပါးပြီး အချိန်မရွေးစားသုံးနိုင်သည့် အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဖိုက်ဘာနှင့်ရေဓာတ်ပါဝင်မှုမြင့်မားသည့် တရုတ်နံနံသည် သင့်ကိုလျင်မြန်စွာဗိုက်ပြည့်သွားစေပါတယ်။

၃။ ပန်းသီး

ပျော်ဝင်နိုင်သည့်ဖိုက်ဘာအပြည့်ရှိသောပန်းသီးသည် ကယ်လိုရီနည်းပါးပြီး အချိန်အကြာကြီး ဗိုက်ပြည့်နေစေမှာဖြစ်ပါတယ်။ ဖိုက်ဘာဓာတ်သည် အစာခြေစနစ်ကိုနှေးကွေးစေသောကြောင့် ဗိုက်ဆာချိန်းနည်းပါးစေမှာဖြစ်ပါတယ်။

၄။ သံလွင်သီး

သံလွင်သီးတွင်ပါဝင်သည့် ကျန်းမာသောဖက်တီးအက်စစ်များသည် သွေးချိုပမာဏကို ထိန်းချုပ်ပေးပါတယ်။ လက်တစ်ဆုပ်စာသံလွင်သီးများကို ဖြည်းဖြည်းချင်းညက်အောင် ဝါးစားပေးပါက ဆာလောင်မှုသည်လည်း ရပ်တန့်သွားမှာဖြစ်ပါတယ်။

၅။ အသီးဖျော်ရည်များ

အသီးဖျော်ရည်တိုင်းသည် ဆီးချိုသမားများ အလွယ်တကူစားသုံးနိုင်သည့် အစားအစာတစ်မျိုးဖြစ်သော်ငြားလည်း အချိုပမာဏအများအပြားမထည့်မိဖို့တော့ သတိထားရမှာဖြစ်ပါတယ်။