လူတွေ တော်တော်များများဟာ မနက်ခင်းတွေမှာ လန်းဆန်းနေစေဖို့ အရသာ ရှိတဲ့ လက်ဖက်ရည်တစ်ခွက် သောက်လေ့ ရှိကြပါတယ်။ Tea ဟာ ကမ္ဘာပေါ်မှာ ဒုတိယ လူကြိုက် အများဆုံး သောက်သုံးကြတဲ့ အရည်ဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေပါတယ်။ လက်ဖက်ရည်ဟာ အစာချေစနစ်ကို ကောင်းမွန်စေရုံသာမက ကင်ဆာဖြစ်နိုင်ချေကိုပါ လျှော့ကြစေပါတယ်။

လူကြိုက်များပြီး ကျန်းမာရေးနဲ့ညီညွှတ်စေတဲ့ လက်ဖက်ရည် အမျိုးအစား ၆မျိုး ရှိပါတယ်။ လန်းဆန်းတဲ့ နေ့တွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မနက်ခင်းတွေမှာ ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် လက်ဖက်ရည်တစ်ခွက်လောက်တော့ သောက်ပေးသင့်ပါတယ်။

၁။ Green Tea

green-tea-herbal

လက်ဖက်ရည်ထဲမှာတော့ ကျန်းမာရေးနဲ့ အပြည့်ဆုံး လက်ဖက်ရည်ပါ။ Antioxidants တွေ အားကောင်းစွာ ပါဝင်ပြီး အာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။ အဆီလောင်ကျွမ်းစေပြီး အာဟာရဖြစ်စေပါတယ်။ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပြီး ကင်ဆာကိုပါ တိုက်ခိုက်နိုင်ပါတယ်။

၂။ Black Tea

black-tea

အနောက်နိုင်ငံတွေမှာတော့ Black Tea လို့ သိကြပြီး တရုတ်ပြည်မှာတော့ Red Tea လို့ ခေါ်ကြပါတယ်။ အဆီတွေကို သဘာဝအတိုင်း ရှင်းလင်းပေးတဲ့ tea ဖြစ်ပါတယ်။ နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပြီး နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေကို မဖြစ်ပွားစေပါဘူး။

၃။ Red Rooibos Tea

red-tea

Red Tea (သို့) Red Rooibos Tea ဟာ ဆေးဖက်ဝင်အောင် ပြုလုပ်ထားတဲ့ လက်ဖက်ရည် တစ်မျိုးပါ။ တောင်အာဖရိကမှာ စိုက်ပြီး ထုတ်လုပ် ပါတယ်။ Rooibos ဟာ တခြား လက်ဖက်ရည်တွေလို tea စစ်စစ်မဟုတ်ပေမယ့် ဆေးဖက်ဝင်ပါတယ်။ အဆီပိုတွေကို ဖယ်ရှားတဲ့ နေရာမှာတော့ အတော် အလုပ်ဖြစ်ပါတယ်။ အဓိက သက်သာစေတာက ခေါင်းကိုက်ခြင်းကိုပါ။ ဒါ့အပြင် ရင်ကြပ်၊ အလာ့ဂျစ်၊ အစာမကြေ၊ အိုမင်းရင့်ရော်ခြင်းတို့ကို လည်း ကာကွယ်ပေးပါတယ်။

၄။ White Tea

white-tea

သာမာန် လက်ဖက်ရည်အမျိုးအစာပါပဲ။ လူတိုင်းနီးပါး လွယ်လွယ်ကူကူ သောက်သုံးလို့ ရပါတယ်။ Antioxidants ပါဝင်မှု များပြီး အင်ဆူလင် ပမာဏကို ထိန်းထားပေးပါတယ်။ အရွယ်မတိုင်ခင် အသက်အရွယ် အိုမင်းခြင်းကို တားဆီးပေးနိုင်ပါတယ်။

၅။ Oolong Tea

oolong-tea

တရုတ်ပြည်ဘက်ကနေ ဝင်တဲ့ လက်ဖက်ခြောက် အလုံးသေးသေးလေးတွေ ခတ်သောက်ရတာပါ။ အခါးဓာတ် ပိုစူးရှပါတယ်။ နည်းနည်းနဲ့ များများ သောက်ရတဲ့ လက်ဖက်ရည်ပါ။ သကြားဓာတ်ကို ထိန်းပေးပြီး သွားတွေကို ခိုင်မာစေနိုင်ပါတယ်။

Credit: zeenews