ထိုင်းစတိုင်လ် ငှက်ပျောကြော်က ထိုင်းနိုင်ငံမှာ လူကြိုက်များတဲ့အချိုပွဲတစ်မျိုးဖြစ်ပါတယ်။ ဒီအချိုပွဲလေးကို ထိုင်းစားသောက်ဆိုင်မှာ ဈေးကြီးပေးဝယ်မစားဘဲ မိမိအိမ်မှာပဲ အလွယ်တကူဘယ်လိုပြုလုပ်ကြမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးတစ်ပေါင်ခန့် (မိမိကြိုက်နှစ်သက်ရာ အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပါတယ်)
  • ဆန်မှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း

  • အုန်းသီးဖတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ ပန်းကန်လုံး အသေး တစ်ဝက်ခန့်
  • ဆီအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ငှက်ပျောသီးကို အခွံခွာပြီး တစ်လက်မအထူခန့် လှီးဖြတ်ထားပါ။

ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ဆန်မှုန့်၊ မုန့်ဖုန့်ဆိုဒါ၊ သကြား၊ ဆား၊ အုန်းသီးဖတ်တို့ကို ရောပေါင်းထည့်ပြီး ရေနည်းနည်းချင်းစီလောင်းထည့်ကာ သမအောင်မွှေပေးလိုက်ပါ။ မွှေပြီးနောက်မှာတော့ ငှက်ပျောတုံးများကို ထိုဖျော်ရည်ထဲနှစ်ထည့်ပြီး မုန့်နှစ်များကပ်အောင် ပြုလုပ်ပါ။

ထို့နောက် ကြော်မည့်ဒယ်အိုးကို မီးအပူပေးပြီး ဆီထည့်ကာ ဆီကျက်လာပါက မုန့်နှစ်ကပ်ထားသော ငှက်ပျောတုံးများကို ထည့်ကြော်လိုက်ပါ။ ငှက်ပျောတုံးများ ရွှေညိုရောင် ပြောင်းသွားပါက ဆီစုပ်စက္ကူပေါ်တင်ထားပြီး စက္ကူက ဆီများကို စုပ်ယူပါစေ။

မိနစ်အနည်းငယ်ကြာတဲ့အခါ ပန်းကန်ထဲသို့ပြောင်းထည့်ပြီး အုန်းသီးဖတ်အနည်းငယ်ဖြူးလိုက်ကာ မိမိစိတ်ကြိုက်အလှဆင်နိုင်ပါတယ်။

ဒါဆိုရင်တော့ ထမင်းစားပြီးတဲ့အခါ အချိုပွဲအနေနဲ့ စားသုံးလို့လည်းရသလို ဧည့်သည်တွေအလည်လာတဲ့အခါမှာလည်း အချိုပွဲအနေနဲ့ တည်ခင်းဧည့်ခံလို့လည်းရပါတယ်။

Source: Kitchenbowl.com