အားလုံးပဲ မင်္ဂလာပါ။ တရုတ်ထမင်းကြော်၊ အမေရိကန်ထမင်းကြော်၊ ပရှူးထမင်းကြော် စတဲ့ ထမင်းကြော်အမျိုးမျိုးကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ အရသာတမူထူးခြားတဲ့ ထိုင်းစတိုင်လ် နာနတ်သီး ကြက်ဥ ထမင်းကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး (ဆားထည့်ပြီး မွှေခလောက်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • အတုံးခပ်သေးသေးတုံးထားသော နာနတ်သီး အနည်းငယ်
  • ငရုတ်ပွအနီ အကြီးတစ်လုံး (လေးထောင့်တုံးခပ်သေးသေး တုံးထားပါ)

  • ထမင်း ပန်းကန်လုံး ၂ လုံးစား (သို့) မိမိစားနိုင်သလောက် ပမာဏ
  • ကြက်သွန်မြိတ်အနည်းငယ်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုယိုသီး တစ်ခြမ်း
  • ဆားအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဦးဆုံး မွှေခလောက်ထားသော ကြက်ဥများကို ဆီနည်းနည်းနဲ့ မွှေကြော်ပေးပြီးနောက် ပန်းကန်သပ်သပ်ထဲ ဖယ်ထားပါ။

ဒုတိယအဆင့်အနေနဲ့ ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီး နာနတ်သီး၊ ငရုတ်ပွနဲ့ ကြက်သွန်မြိတ်တို့ ထည့်ပြီး ၃ မိနစ်ကနေ ၅ မိနစ်အထိကြော်ပေးပါ။ အနံ့မွှေးသွားဖို့အတွက် ကြက်သွန်ဖြူထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ကြက်ဥကြော်ပန်းကန်ထဲသို့ ပေါင်းထည့်ထားပါ။

ကျန်ရှိတဲ့ဆီအနည်းငယ်နဲ့ ထမင်းကို ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ထို့နောက် စောစောကကြော်ထားသော ကြက်ဥနဲ့ နာနတ်သီးတို့ကို ထမင်းကြော်နဲ့ ထပ်ပေါင်းကြော်ပေးလိုက်ပါ။

ငံပြာရည် စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး စက္ကန့်အနည်းငယ် မွှေကြော်ပေးလိုက်ပါ။

ထို့နောက် သံပုယိုသီးညှစ်ထည့်ပြီး ခေတ္တခဏကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာတစ်မူထူးခြားတဲ့ ထိုင်းစတိုင်လ် နာနတ်သီး ကြက်ဥထမင်းကြော်လေးကို အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Zoomyummy.com