ပုဇွန် - Prawn | ယိုးဒယား - Thai | အသုပ် - Salad

ယိုးဒယား ပုဇွန်စိပ်သေးသေး အစိမ်းသုပ်

September 16, 2016

ယိုးဒယား ပုဇွန်စိပ်သေးသေး အစိမ်းသုပ်

Share this on:

ယိုးဒယားမှာတော့ မိုးတွင်းမှာ ပေါ်တဲ့ ပုဇွန်စိပ်သေးသေးလေးတွေကို အစိမ်းသုတ်ပြီး ကောက်ညှင်းနဲ့ရော ၊ ထမင်းနဲ့ပါ စားကြပါတယ် ။  အိမ်က နော်ရှယ်က ဒီနေ့သုတ်နေတာနဲ့ ရှယ်ပေးလိုက်ပါတယ် ။  အကြိုက်ခြင်းတူသူများ လုပ်စားလို့ ရတာပေါ့နော် ။

Thai Prawn Salad

 

ပါဝင်ပစ္စည်းများ

  • ပုဇွန်စိပ်သေးသေး
  • ကြက်သွန်ဖြူ - ၂ မွှာ
  • ကြက်သွန်မိတ် - ၂ ပင် (အဖြူအပိုင်းကိုသာ ပါးပါးရိတ်ရိတ် လှီးထားပါ)
  • ငရုတ်ကြမ်းမှုန့် - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ငံပြာရည် - ၂ ဇွန်း (ထမင်းစားဇွန်း)
  • ကောက်ညှင်းဆန်လှော်မှုန့် - ၂ ဇွန်း (ထမင်းစားဇွန်း)
  • ကြံသကာရည် - ၁ ဇွန်း (လဖက်ဇွန်း)
  • သံပုရာရည် - ၁ လုံး (အရည်ညှစ်ပြီးထည့်ပါ)
  • ဆား - အနည်းငယ်
  • ရှမ်းနံနံ - ၁ ပင် (မထူမပါး လှီးထားပါ)

ပြုလုပ်နည်း

  1. ပုဇွန်စိပ်သးသေးများကို ရေဆေး သန့်စင်ရ်ျ ရေစစ်ပြီး ရေခဲသေတ္တာထဲတွင် ထည့်ထားပါ ။
  2. ကြက်သွန်ဖြူ ၊ ငရုတ်ကြမ်းမှုန့် တို့ကို ဆုံထဲတွင် ထည့်ပြီး မညက်တညက် ထောင်းပါ ။
  3. ပြီးလျင် ထောင်းထားသော ကြက်သွန်ဖြူ ၊ ငရုတ်ကြမ်းမှုန့် တို့ကို ပန်းကန်လုံးထဲတွင် ထည့်ရ်ျ ပါးပါးရိတ်ရိတ် လှီးထားသော ကြက်သွန်မိတ် ၊ ငံပြာရည် ၊ ကြံသကာရည် ၊ ဆား ၊ သံပုရာရည် တို့နှင့် ရောမွှေရ်ျ အချဉ်ရည် ပြုလုပ်ပါ ။
  4. ထိုအချဉ်ရည်ကို ပုဇွန်သေးသေးပေါ်လောင်းရ်ျ ရှမ်းနံနံ ၊ ကောက်ညှင်းဆန်လှော်မှုန့် နှင့်သုတ်ပါ ။
  5. အရသာ အပေါ့အငံ မြည်းရ်ျ ပုဇွန်သေးသေး အစိမ်းသုပ်ကို ကောက်ညှင်းပေါင်းနှင့် တွဲရ်ျ သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

0 (0 Votes)