ထိုင်းပာင်းချက်နည်း တစ်မျိုးဖြစ်တဲ့ ကြက်သားနှင့် အုန်းနို့ ချဉ်စပ်ပာင်းရည် (Tom Kha Gai) လေးကို ဖော်ပြပေးချင်ပါတယ်။ ထိုင်းစာကြိုက်သူများအတွက်ကတော့ ခံတွင်းအလွန်မြိန်မှာပါနော်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား – ၂၀၀ ဂရမ်
  • ကောက်ရိုးမှို – ၁၀၀ ဂရမ် (သန့်စင်ပြီး၂ စိတ်(သို့) ၄စိတ်)
  • ကြက်ပြုတ်ရည် – ၂ ခွက် (လက်ဖက်ရည်ပန်းကန်)
  • ပဒဲကောပါးပါးလှီး – ၄ – ၅ ချပ်
  • စပါးလင် – ၃ ချောင်း (အဖြူရောင်အပိုင်းသာ /၁လက်မအရွယ်ခပ်စောင်းစောင်းလှီးပါ)
  • တောရှောက်ခါးရွက် – ၄ ရွက် (အကြောများ မပါအောင် စုတ်ဖြဲပါ)
  • သံပုရာရည် – ၁ ဇွန်း
  • ငါးငံပြာရည် – ၁ ဇွန်း
  • သကြား – ၁ ဇွန်း
  • ကြက်သွန်နီသေးသေး – ၂ လုံး (၄စိတ်ခွဲ)
  • နံနံပင် – အလှဆင်ရန်

ပြုလုပ်နည်း

  1. ကြက်ပြုတ်ရည်ကို ဆူအောင်အပူပေးပါ ။
  2. ထို့နောက် အုန်းနို့ပေါင်းထည့်ပြီး စပါးလင် ၊ ပဒဲကော ၊ တောရှောက်ခါးရွက် ၊ ကြက်သားတို့ ပေါင်းထည့်ပါ ။  ချို ၊ ချဉ် ၊ ငံ ရအောင် အရသာသွင်းပါ။
  3. ဆူပွက်လာလျှင် ကြက်သွန်နီ ၊ မှိုတို့ ပေါင်းထည့်ပြီး ငရုတ်သီးတောင့်နီ ၊ နံနံပင်တို့ဖြင့် အလှဆင်ကာ ချက်ချင်းသုံးဆောင်ပါ ။
  4. ပါဝင်ပစ္စည်းစုံလျှင် အချိန် (၇) မိနစ်ထက် ပိုပြီး မလိုအပ်ပါဘူး။

Credit: ဟင်းချက်နည်းများ