ငရုတ်သီးထောင်းကိုတော့ ပုံမှန်ဟင်းရည်ချက်စားတဲ့အခါတွေမှာ စားဖူးလောက်ပေမယ့် ဝက်သားနဲ့ထောင်းတာကိုတော့ မစားဖူးလောက်သေးပါဘူးနော်။

ပါဝင်ပစ္စည်းများ

  • ဝက်သားစဉ်း – ၅၀၀ ဂရမ်
  • ငရုတ်ခြောက် – ၂၅ ဂရမ်
  • ကြက်သွန်နီ – ၅၀ ဂရမ် (၁/၂ ခွက်)
  • ကြက်သွန်ဖြူ – ၅၀ ဂရမ်
  • ပုဇွန်ငပိ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • လှီးထားသော ခရမ်းချဉ်သီး – ၅၀၀ ဂရမ်
  • ဆီ – ၁/၂ ခွက်
  • ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ငံပြာရည် – ၁/၄ ခွက်
  • သကြား – ၁/၄ ခွက်
  • ရေ – ၁/၂ ခွက်

ပြုလုပ်နည်း

  1. ဦးစွာ ငရုတ်ခြောက် ၊ ကြက်သွန်နီ ၊ ပုဇွန်ငပိ ၊ ကြက်သွန်ဖြူ ၊ ဆား တို့ကို ငရုပ်ဆုံ ထဲထည့်ကာ ထောင်းထားပါ ။
  2. ပြီးလျှင် ဒယ်အိုးထဲ ဆီ ထည့်ပြီး ပူလာလျှင် ထောင်းထားတာ အားလုံးကို ဆီသတ်ပါ။
  3. ဆီသတ်ထားတာ မွှေးလာလျှင် ဝက်သား နှင့် ခရမ်းချဉ်သီး တို့ကို ထည့်ပါ ။ ရေ ထပ်ထည့်ပါ ။
  4. ပြီးလျှင် အရသာ အတွက် ငံပြာရည် ၊ သကြား တို့ကို ထည့်ပါ ။ ယိုးဒယား ဝက်သား ငရုတ်သီးထောင်းလေး ရပါပြီ ။

Credit: N&S Food House