တခါတရံ မနက်စာ စားဖို့ အချိန်မရှိဘဲ အလုပ်သွား ကျောင်းသွားမိရင် အဲ့နေ့အတွက် သေချာ ခေါင်းထဲမှာ ကြည်ကြည်လင်လင်နှင့် အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

မနက်စာလွတ်သွားတဲ့အတွက်နေ့လည်စာမှာ ပိုစားဖြစ်ပြီး ဒါဟာလည်း ကျန်းမာရေးနှင့် မညီညွတ်ပါဘူး။

နယူးယောက်မြို့က အဟာရ ပညာရှင် အီရစ်ကာ ဂျီအိုဗင်နာဇို က “မနက်စာမှာ ပရိုတင်းဓာတ်နည်းနည်း၊ အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိုတ် အနည်းငယ်တာပါတဲ့ အစားအစာကို စားသင့်တယ်”လို့ ပြောထားပါတယ်။

ကွေကာအုပ်

ကွေကာအုပ်မှာ Omega-3, Fatty Acids, Folate နှင့် ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်များနှင့် ကာဗိုဟိုက်ဒရိုက် အနည်းငယ်တာ ပါဝင်ပါတယ်။

 

ဒိန်ချဉ်

Fruit and Yogurt Parfait with Granola: Layer fresh fruits, creamy yogurt and crunchy granola for a delicious and healthy breakfast or a simple dessert | aheadofthyme.com

ခရမ် (Creamy) ဒိန်ချဉ်တွေမှာ ကယ်ဆီယမ်ဓာတ်တွေနှင့် ပရိုတင်း ဓာတ်တွေ ပါဝင်မှုနှုန်းက တခြား သာမန် ဒိန်ချဉ်တွေထက် ၂ ဆ ပိုမို ပါဝင်ပါတယ်။ အဆီဓာတ်မပါဝင်တဲ့ ဒိန်ချဉ်ကို သီးနှံတွေနဲ့ မနက်စာ အဖြစ် တွဲဖက်စားသုံးနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝအောင် ပါဝင်တဲ့အပြင် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ကာဗွန်ဟိုက်ဒရိုတ်လည်း ပါဝင်ပါတယ်။ ငှက်ပျောသီးက သွေးကျစေတဲ့အတွက် သွေးတိုးရောဂါရှိသူတွေအတွက် မနက်မှာ ထည့်သွင်းစားသင့်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

ကြက်ဥ

ကြက်ဥမှာ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ပရိုတင်းဓာတ်များနှင့် ဗီတာမင် D တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဖရဲသီးtumblr_n5mjbyDhec1sp8nb9o1_250

မနက်အိပ်ယာနိုးထလာတဲ့အခါမှာ ရေဓာတ်ခမ်းခြောက်နေတဲ့ ခန္ဓာကိုယ်အတွက် ဖရဲသီးက အသင့်တော်ဆုံးပါဘဲ။ ဖရဲသီးမှာ Lycopene ဆိုတဲ့ ဓာတ်ပါဝင်ပြီး အမြင်အာရုံ၊ နှလုံးကျန်းမာရေး နှင့် ကင်ဆာ ရောဂါကို ကာကွယ်ပေးပါတယ်။ ဖရဲသီးမှာ ကယ်လိုရီ ၄၀ သာ ပါဝင်ပြီး အစာခြေချိန်မှာလည်း ခန္ဓာကိုယ်အတွင်းရှိ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။