လိမ္မော်သီး စားပြီးတဲ့အခါ အခွံတွေကို ဒီအတိုင်း လွှင့်ပစ်လိုက်တာများပါတယ်။ တချို့ကလည်း အနံ့လေး မွှေးလို့ ခဏထားပြီး လွှင့်လိုက်ကြပါတယ်။ မီးဖိုချောင်နဲ့ ပတ်သက်ပြီး အသုံးပြုလို့ရတဲ့ အချို့ နည်းလမ်းလေးတွေ ရှိတယ်ဆိုတာကတော့ လူသိနည်းလှပါတယ်။

ရေခဲသေတ္တာ သန့်ရှင်းမယ်

Refresh your fridge

သင်ရဲ့ ရေခဲသေတ္တာဟာ အနံ့ နံနေသလို ခံစားနေရပါသလား။ လိမ္မော်သီးခွံ အချို့နဲ့ ဆားကို အသုံးပြုပြီး သန့်ရှင်းရေး လုပ်ကြည့်လိုက်ပါ။ ဆားဟာ အနံ့တွေကို စုတ်ယူ ပေးနိုင်ပြီး ရေခဲသေတ္တာအတွင်းပိုင်းက လေကို စွတ်စိုသွားစေပါတယ်။ လိမ္မော်သီးခွံကို အထဲမှာ ထားခဲ့ပါ။ ခြောက်သွားရင်တော့ အသစ်လဲပေးပါ။ အနံ့လေး မွှေးပြီး လတ်ဆတ်နေသလို ခံစားရပါလိမ့်မယ်။

သစ်သားတွေကို သန့်ရှင်းမယ်

cleanwood

လိမ္မော်သီးခွံတွေနဲ့ သစ်သားမျက်နှာပြင်တွေကို ပွတ်တိုက်ပေးရင် သန့်ရှင်းပြီး ပိုးမွှားကင်းစေနိုင်သလို တောက်ပြောင်သွားသလို ခံစားရနိုင်ပါတယ်။ အနံ့လေးကလည်း မွှေးတဲ့ အတွက် သန့်သွားစေမှာပါ။ စဉ်းနှီးတုံး သစ်သားတွေ၊ ကြောင်အိမ်တွေနဲ့ စားပွဲတွေကို ဒီနည်းအတိုင်း သန့်ရှင်းသွားအောင် လုပ်လို့ ရပါတယ်။ ကြာရှည်ခံအောင် လုပ်ချင်ရင်တော့ လိမ္မော်သီးခွံနဲ့ ရှာလကာရည်ကို ပေါင်းစပ်ပေးရပါမယ်။ jar တစ်ခုထဲမှာ လိမ္မော်သီးခွံကိုတ စ်ဝက်လောက်ထိ ထည့်ပြီး ရှာလကာရည်ကို အပြည့်ထည့်လိုက်ပါ။

၂ပတ်လောက် ထားပြိး အခွံတွေကို ဖယ်လိုက်ပါ။ ကျန်နေသေးတဲ့ အရည်တွေကို spray လို ဖြန်းပြီး သန့်ရှင်းရေး လုပ်လို့ရပါတယ်။ ဓာတုနည်းမပါတဲ့ အိမ်သန့်ရှင်းရေး ဆပ်ပြာပါ။ သစ်သားတွေလိုပဲ စတီးပစ္စည်းတွေကိုလည်း တောက်ပြောင်သွားအောင် လိမ္မော်ခွံက စွမ်းဆောင်ပေးနိုင်ပါတယ်။ စတီးတွေကို ခဏလေး ပွတ်တိုက်ပေးရုံနဲ့ မျက်နှာြပ်ငတွေ သန့်ပြီး တောက်ပြောင်သွားမှာပါ။

အဝတ်ဗီဒိုအနံ့ကို ထိန်းပေး

keep_orange_peels_Csondy

အဝတ်ဗီဒိုမှာ အနံ့တစ်မျိုးမျိုး ရှိနေပြီဆိုရင်တော့ လိမ္မော်သီး အခွံလေးကို ထည့်ထားပေးလိုက်ပါ။ လတ်ဆတ်ပြီး မွှေးပျံ့တဲ့ အနံ့ကို ဗီဒိုဖွင့်တိုင်း ခံစားရစေပါတယ်။  အချို့က ပရုတ်လုံးနဲ့ကို မကြိုက်ကြပါဘူး။ ဒါဆိုရင် လိမ္မော်သီးခွံလေးကို သုံးဖို့ အကြံပေးပါရစေ။ အံဆွဲထဲမှာလည်း ထည့်ထားပြီး အနံ့ထိန်းထားနိုင်ပါတယ်။ အခွံတွေ ခြောက်သွားရင်တော့ လဲပေးရပါမယ်။

ဆံပင်ပျော့ဆေးအဖြစ်သုံးနိုင်

condition_orange_peels

လိမ္မော်ခွံမှာပါတဲ့ ဗီတာမင် စီဟာ ဆံပင်တွေကို နူးညံ့သွားစေဖို့ ကူညီပေးပါတယ်။ လိမ္မော်သီး အခွံတွေကို ကြိတ်ပြီး ဆံသားတွေကို လိမ်းပေးပါ။ ခေါင်းမလျှော်ခင် လိမ်းထားပြီး ခေါင်းလျှော်ချပါ။ နူးညံ့ပြီး အနံ့လေး သင်းနေစေပါတယ်။

Credit: RD