တုံယမ်းကိုတော့ လူသိများပြီးသားပါနော်။ တုံယမ်းမှာ Clear Soup နဲ့ Thick Soup ဆိုပြီး နှစ်မျိုးရှိပါတယ်။ အုန်းနို့ပါတာက Thick Soup ဖြစ်ပြီး အုန်းနို့မထည့်ရင်တော့ Clear Soup ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အထင်ကရ အစားအစာဖြစ်ပါတယ်ရှင့်။ အဲ့ဒီတော့ ထိုင်းအရသာအတိုင်း ချိုချိုဆိမ့်ဆိမ့် ချဉ်ချဉ်စပ်စပ် ထူးကဲတဲ့အရသာကို မြည်းစမ်းကြည့်ဖို့ မီးဖိုချောင်ထဲ ပြေးလိုက်ကြစို့လား။

ဆောင်းရာသီရဲ့ ချမ်းလှတဲ့ အအေးဓာတ်နဲ့ ချဉ်စပ်ပူူစိမ့်တဲ့ တုံယမ်းဟင်းရည်လေးနဲ့ဆိုရင်တော့ ဝါးးးး ဘာနဲ့မှကို မလဲနိုင်ဘူး ဖြစ်သွားမှာနော်။

ပါဝင်ပစ္စည်းများ

  • ရေ – ၄ ဖန်ခွက်
  • စပါးလင် – ၂ ချောင်း
  • ပဒဲကောမြစ် – ၂ ဥ
  • ရှောက်ရွက် – ၆ ရွက်
  • မန်ကျည်းသီးနှစ် – ၁ ဇွန်း (ဇွန်းကြီး)

Source: Dr. Weil

  • ငါးငံပြာရည် – ၁ ဇွန်း (ဇွန်းကြီး)
  • ပုစွန်ထုပ် – ၂ ကောင်
  • ပြည်ကြီးငါး – ၂ ကောင်
  • ငရုတ်သီးစိမ်း – ၁၀ တောင့်
  • ကြက်သွန်နီ – ၂ ဥ

Source: SeafoodSource

  • ငရုတ်သီးနှစ် – ၂ ဇွန်း (ဇွန်းကြီး)
  • ကောက်ရိုးမှို – ၅ ကျပ်သား
  • ခရမ်းချဉ်သီးအမှည့် – ၂ လုံး
  • သံပုရာသီး – ၂ လုံး
  • အုန်းနို့ – ၁/၂ ဘူး (ဘူးသေး) (Supermarket တွေမှာ ဝယ်လို့ရပါတယ်)

ပြင်ဆင်ပုံ

စပါးလင်ကို အဖျားများ လှီး၍ ဓားနှောင့်ဖြင့် ထုပါ။

ထို့နောက် လက်နှစ်ဆစ်စာစီ ပိုင်းထားပေးပါ။

ပဒဲကောမြစ်ကိုလည်း ဓားပြားရိုက်ထားပါ။

ပုစွန်ထုပ်ကို ကျောခွဲ အညစ်အကြေးစင်၍ မီးကင်ထားပါ။

ပြည်ကြီးငါးများကို ရေဆေးသန့်စင်၍ သင့်လျော်သလို လှီးထားပါ။

ကြက်သွန်နီနှင့် ကောက်ရိုးမှိုကို ထက်ခြမ်းစီခွဲထားပါ။

ပြုလုပ်နည်း

အိုးထဲတွင် ရေကို ဆူအောင်တည်ပါ။

စပါးလင် ပဒဲကော ငါးငံပြာရည်နှင့် မန်ကျည်းသီးအနှစ်တို့ကို အိုးထဲသို့ထည့်ပါ။

ပုစွန်ကင်နှင့် ပြည်ကြီးငါးများထည့်ပါ။

သုံးမိနစ်ခန့် တည်ထားပါ။

ကြက်သွန်နီနှင့် ကောက်ရိုးမှို ထပ်ထည့်ပါ။

အသားများကျက်အောင် ခုနစ်မိနစ်ခန့် အဖုံးအုပ်၍ တည်ထားပါ။

ငရုတ်သီးနှစ်နှင့် ခရမ်းချဉ်သီးထည့်လိုက်ပါ။

ငရုတ်သီးစိမ်း ထည့်ပေးပါ။

ထို့နောက် ဟင်းအိုးကို မီးပိတ်လိုက်ပါ။

သံပုရာသီးညှစ်ပါ။ အပေါ့အငံအတွက် ငံပြာရည်လိုလျှင် ထပ်ထည့်နိုင်ပါတယ်။

ပန်းကန်ထဲထည့်ပြီးလျှင် အပေါ်မှ အုန်းနို့ဆမ်း၍ ရှောက်ရွက် ထည့်ကာ သုံးဆောင်နိုင်ပါပြီရှင်။