ကိုယ်အလေးချိန်ကျဖို့အတွက်ဆိုရင် မနက်စာကိုလည်း သတိထားပြီး စားသုံးသင့်ပါတယ်။

၁။ အမျှင်ဓာတ် ၈ ဂရမ်လောက် အနည်းဆုံးစားပါ။

အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို မနက်စာမှာ စားပေးရင် ကြားမှာ အဆာပြေစားဖို့ ဗိုက်မဆာတော့ဘဲ သို့ နေ့လည်စာအတွက်လည်း ဗိုက်ဆာတော့မှာမဟုတ်ပါဘူး။ အမျှင်ဓာတ်တွေက အစာခြေဖျက်ဖို့ အချိန်ယူရတာကြောင့် ဗိုက်ပြည့်နေသလို ခံစားနေရမှာပါ။

၂။ ကာဗိုဟိုက်ဒရိတ် ကို ရှောင်ကြဉ်ပါ။

ကာဗိုဟိုဒရိတ်များတဲ့ ထမင်းတို့၊ ပေါင်မုန့် အဖြူတို့အစား အသီးအနှံကို စားသုံးပေးပါ။

၃။ မနက်နိုးပြီး ၁ နာရီ အကြာမှာ မနက်စာစားပါ။

၄။ ပရိုတင်းဓာတ်များများ၊ သကြားနည်းနည်းစားပါ။

၅။ မနက်စာကို များများစားသင့်ပေမယ့် ဗိုက်တအားပြည့်အောင် မစားပါနဲ့။ အများဆုံး ကယ်လိုရိ ၃၅၀ လောက်ဘဲ စားပါ။

၆။ မနက်စာ မစားဘဲ မနေပါနဲ့။

(မနက်စာ မစားရင် နေ့လည်စာတို့ ၊ အဆာပြေစာတို့ ပိုစားပြီး ကိုယ်အလေးချိန် ပိုတက်စေပါတယ်။)

Photos Credit: Steptohealth