အိပ်ရေးမဝခြင်းဟာ နောက်နေ့တစ်နေ့လုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်တတ်ပြီး စိတ်ကိုပါ မကြည်မလင် ဖြစ်စေပါတယ်။ အိပ်မပျော်ခြင်းမှာ အကြောင်းပြချက်မျိုးစုံ ရှိနေနိုင်ပါတယ်။ အိပ်ခါနီးစားတဲ့ အစားအစာတွေကြောင့်လည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် အိပ်ခါနီးမှာစားတဲ့ အစားအစာတွေကို ပုံစံပြောင်းရပါမယ်။ အိပ်စက်ခြင်းကို အားပေးတဲ့ ဖျော်ရည်တွေကို သောက်သုံးပေးခြင်းဟာ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။

အိပ်ခါနီး သောက်သင့်တဲ့ ဖျော်ရည်တွေကတော့

ချယ်ရီသီး ဖျော်ရည်

Source: The Independent

ချယ်ရီသီး ဖျော်ရည်ဟာ ကောင်းမွန်စွာ အိပ်စက်ဖို့ အတွက် အကူအညီပေးပါတယ်။ နေ့ဘက်တွေမှာလည်း ကော်ဖီအစား ချယ်ရီသီး ဖျော်ရည် သောက်ပေးရင်လည်း ကောင်းကောင်း အိပ်စက်နိုင်ပါတယ်။ အိပ်ယာဝင်မယ့် အချိန်မရောက်ခင် ၁နာရီ အလိုမှာ သောက်ပေးပါ။

နွားနို့

Source: terranuova.it

နွားနို့ဟာ အိပ်စက်ခြင်ကို အားပေးတဲ့ အရည်တစ်မျိုးပါ။ သူ့မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ ကောင်းကောင်း အိပ်ပျော်စေပါတယ်။ အိပ်ယာမဝင်ခင် တစ်နာရီလောက် အလိုမှာ နွားနို့ ပူပူ တစ်ခွက် သောက်ပေးပါ။

Chamomile Tea

Herbal Tea လို့ ခေါ်တဲ့ လက်ဖက်ရည်တွေကို သောက်လို့ ရပါတယ်။  Chamomile လို လက်ဖက်ခြောက်မျိုးနဲ့ သောက်ရတဲ့ ရေနွေးကြမ်းကို သောက်လို့ရပါတယ်။ ဒါပေမယ့် တစ်ခွက်ပါပဲ။

အိပ်ခါနီးမှာ မသောက်သင့်တဲ့ အရည်တွေကတော့

ရေ

Source: www.queenslandcountrylife.com.au

ရေသောက်ခြင်းဟာ ကိုယ်ခန္ဓာအတွက် ကောင်းမွန်စေပေမယ့် နိုးကြားစေတဲ့ သဘော ရှိတာကြောင့် အိပ်မပျော်နိုင်ပါဘူး။

အရက်

Source: Medical Xpress

အရက်၊ ဘီယာသောက်ပြီး အိပ်ရင် အိပ်ပျော်စေတယ်လို့ အယူမှားကြတာ ရှိပါတယ်။ တကယ်တော့ ကောင်းကောင်း အိပ်မပျော်ပါဘူး။ ဒါကြောင့် မနက်လင်းတဲ့အခါ ခေါင်းမကြည်မလင်ဖြစ်ခြင်းကို ခံစားကြရတာပါ။

ကဖိန်းဓာတ်

ကဖိန်းဓာတ်ပါတဲ့ အရည်တွေကို အိပ်ခါနီး ရှောင်တာ အကောင်းဆုံးပါပဲ။