မိုးရာသီရောက်လာပြီဆိုတော့ လူတိုင်း ကျန်းမာရေးကို ဂရုစိုက်ကြဖို့လိုပါတယ်နော်။ ဒီလိုရာသီဥတုမှာ အအေးမိဖျားနာတာမျိုးမဖြစ်စေဖို့နဲ့ ကိုယ်ခံအားအပြည့်ရှိနေစေဖို့ အဟာရအားအင်ပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပေးဖို့လည်းလိုပါတယ်။

ကျောင်းဖွင့်ရာသီလည်းရောက်ပြီဆိုတော့ ကိုယ့်ရဲ့အလုပ်ကိစ္စတွေနဲ့ရော၊ သားသားမီးမီးလေးတို့ရဲ့ ကျောင်းကိစ္စတွေနဲ့ရော အလုပ်တွေရှုပ်နေကြမယ်ဆိုတာ သေချာပါတယ်။ တက္ကသိုလ်တွေလည်း ပြန်ဖွင့်ပြီဆိုတော့ မောင်လေးတို့ ညီမလေးတို့လည်း ကျောင်းသွားဖို့ လာဖို့ အလုပ်တွေများနေကြမယ် ထင်တယ်နော်.. ။  ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်ပါ.. ကျန်းမာမှ အလုပ်ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့လိုအပ်ပါတယ်။

ဒီလိုရာသီဥတုမျိုးမှာ ကျန်းမာပြီး အဟာရပြည့်ဝနေစေဖို့အတွက် အဟာရပြည့်ဝတဲ့မနက်စာနဲ့ နေ့တစ်နေ့ကို စတင်ဖို့အရေးကြီးပါတယ်။ မနက်စာဆိုတာ ကျွန်မတို့တွေအတွက် သိပ်ကိုအရေးကြီးတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ မနက်စာမစားဘဲနေရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေများစွာရှိနေသလို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ ထိခိုက်မှုတွေရှိပါတယ်။ ဒါ့ကြောင့် မနက်စာကို မဖြစ်မနေစားပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ မနက်စာစားမယ်ဆိုရင်လည်း အဟာရပြည့်ပြည့်၀၀ စားသုံးပေးဖို့လိုအပ်ပါတယ်။

စောစောကပြောခဲ့သလို.. အလုပ်ကများ.. မနက်စောစောထ ကျောင်းသွားဖို့ပြင်ရနဲ့ မနက်စာစားဖို့ အချိန်မရှိတဲ့သူတွေအတွက်ကို မြန်မြန်နဲ့ လွယ်လွယ်ပြုလုပ်နိုင်ရုံသာမက အဟာရလည်း ပြည့်စေတဲ့ မနက်စာလေးတစ်ခုကို MyFood Myanmar က ညွှန်းပေးချင်တာပါ။ အဟာရပြည့်ဝတဲ့ မနက်စာအတွက်ဆိုရင်တော့ “Nestle Bear Brand” အမှတ်တံဆိပ် စီရီရယ် ကို စားသုံးပေးဖို့ ညွှန်းဆိုချင်ပါတယ်။ ခန္တာကိုယ်အတွက် လိုအပ်တဲ့အဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် ဈေးနှုန်းချိုချို၊ လွယ်လွယ်ကူကူနဲ့ အလျင်အမြန် ပြုလုပ်စားသုံးနိုင်လို့ သိပ်ကိုအဆင်ပြေပါတယ်။

စီရီရယ်ဆိုတာက ဆိုတာကတော့ နှံစားသီးနှံတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေရော ကိုယ်ဝန်ဆောင်မိခင်လောင်းတွေရော အဟာရပြည့်ဝစေဖို့အတွက် အနောက်တိုင်းနိုင်ငံတွေမှာဆို ဆီရီရယ်ကို စားသုံးပေးကြပါတယ်။

“Nestle Bear Brand” ဆီရီရယ်မှာ နို့ရော ကောက်နှံရောပါဝင်ပြီး ဗီတာမင်ဓါတ်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ သာမန်ဆီရီရယ်နဲ့မတူဘဲ နှံစားသီးနှံ ဆီရီရယ်ဖြစ်ပြီး အကောင်းတကာ့ အကောင်းဆုံး နှံစားသီးနှံတွေရောပြီး ပြုလုပ်ထားတာပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး တစ်နေ့လုံး ကျောင်းမှာ အလုပ်မှာ အာရုံစူးစိုက်နိုင်ဖို့ Nestle Bear Brand စီရီရယ်ကို မနက်စာအဖြစ် စားသုံးပြီး တစ်နေ့တာ စတင်လိုက်ကြရအောင်ပါ။

“Nestle Bear Brand” စီရီရယ်ကို စူပါမားကက်တိုင်းမှာ ၀ယ်လို့ရနေပြီလို့ ထပ်လောင်း သတင်းပေးလိုက်ပါတယ်နော်.. ။