အခုခေတ်မှာ သွေးတိုးရောဂါရှိသူတွေ တော်တော်များများ ရှိနေပါတယ်။ နေထိုင်စားသောက်မှုပုံစံတွေ မမှန်တာကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးခြင်း၊ သွေးအတွင်း ကိုလက်စထရော ဓာတ်မြင့်မားခြင်းတို့ ခံစားနေရပါတယ်။

ဒါကြောင့် ဒီရောဂါတွေကို ပိုဆိုးမသွားအောင် ထိန်းညှိပေးနိုင်မယ့် သဘာဝဆေးနည်းလေးကို ဝေမျှချင်ပါတယ်။

ဒီသဘာဝဆေးနည်းက ခုခံအားစနစ်ကိုလည်း ကောင်းစေပြီး Amish တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သုံးစွဲလာကြတာပါ။ (Amish ဆိုသည်မှာ ၁၇ ရာစုတုန်းက ဆွီဒင်နိုင်ငံက ခရစ်ယာန်ဘာသာရေး ယုံကြည်သူတွေပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ယနေ့ခေတ်မှာတော့ ဥရောပနဲ့ အမေရိကန်တို့မှာ ရိုးရှင်းတဲ့ နေထိုင်မှုပုံစံနဲ့ နေတဲ့အဖွဲ့ဖြစ်ပါတယ်။)

ပါဝင်ပစ္စည်းများ

  • ဂျင်းတစ်စိတ် (တောက်တောက်စဉ်းလိုက်ပါ။)
  • သံပုရာသီး အရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ ၁ စိတ်

  • ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း

  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြလုပ်နည်း

၎င်း ပစ္စည်းတွေ အားလုံးကို ရောပြီး ကြိတ်ကာ ရေခဲသေတ္တာထဲမှာ ၅ ရက်ထားလိုက်ပါ။ ၅ ရက်ထားပြီးရင် မနက်စာမစားခင်နဲ့ ညစာမစားခင်တို့မှာ သောက်ပေးပါ။ တစ်နေ့ကို ၃ ကြိမ်ထက်ပိုမသောက်သင့်ပါဘူး။ ၁ ပတ်လောက်ဆက်တိုက်သောက်ပေးရင် သွေးတိုးနဲ့ ကိုလက်စထရောတွေ ကျဆင်းတာကို တွေ့ရမှာပါ။

Don’t-Spend-Money-On-Medication-For-High-Blood-Pressure-And-Cholesterol-–-Try-This-Old-Amish-Recipe