ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် ကိုယ်နဲ့ သင့်တော်မဲ့ နည်းလမ်း ရှာတွေ့ဖို့ သိပ်ကိုခက်ပါတယ်။

ကျွန်မတို့တွေက ဝိတ်ကျချင်ပေမဲ့လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းရိကြပြီး အစားလည်း လျှော့မစားချင်ကြပါဘူး။ အရသာအရှိဆုံးနဲ့ ဝိတ်ကျစေမဲ့ အဆီကျ ဖျော်ရည်တွေ ဝယ်သောက်ပေမဲ့ ဘေးထွက်ဆိုးကျိုးက စိတ်မချရတဲ့အပြင် ငွေကြေးကုန်ကျများပေမဲ့ ကိုယ်ထင်ထားသလောက် ထိရောက်မှုမရှိတော့ စိတ်ညစ်ကြရပါတယ်။

အရသာလည်းရှိပြီး အဆီကျစေမဲ့ သဘာဝအဆီကျဖျော်ရည်ပြုလုပ်နည်းကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်း

apple-cider-vinegar

ပန်းသီး ရှလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

1643-article_item

သံပုယိုသီး ၁ လုံး

14-amazing-benefits-of-cayenne-pepper-for-skin-hair-and-health

ငရုတ်သီးစိမ်းမှုန့် အနည်းငယ်

250ml-plastic-cup-for-juice-water-cup

ရေ ၂၅၀ မီလီလီတာ

ပြင်ဆင်ခြင်း

သံပုယိုသီးကိုအရည်ညစ်ပြီး အခွံကို ပါးပါးဖြစ်အောင်လှီးပေါ။ အဲဒီနောက် ရေကိုဆူအောင်သယ်ပြီး စောစောက လှီးထားတဲ့ သံပုယိုသီးအခွံကိုထည့်ပြီး ၁၀ မိနစ်လောက်ထားပါ။ အဲဒီနောက် ပန်းသီးရှလကာရည်ထည့်ပြီး သံပုယိုရည်ထည့်ပါ။ ပြီးရင် ငရုတ်သီးစိမ်းမှုန့်ထည့်ပါ။ အဲဒီနောက် ဇွန်းနဲ့ သေချာမွှေပြီး အအေးခံထားပါ။

အသုံးပြုခြင်း

how-to-melt-fat-in-4-days

ဒီဖျော်ရည်ကို အစားမစားခင်နဲ့ စားပြီးချိန်မှာ သောက်ပါ။ မသောက်ခင်မှာလည်း ထပ်မွှေပေးပါ။ အချိုကြိုက်တယ်ဆိုရင် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သုံးဆောင်နိုင်ပါတယ်။