အစားစာတွေဆိုတာ ဗိုက်ပြည့်စေရုံပဲစားလို့ရတာမဟုတ်ပဲ အာဟာရဓာတ်တွေကိုဖြည့်စည်းပေးနိုင်ပြီး ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူ ဖြစ်စေတာကို အားလုံးလည်း သိလောက်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်။

အခုပြောပြပေးချင်တာကတော့ ကျန်းမာရေးအတွက်ပဲ မဟုတ်ပဲ အရေပြားပေါ်မှာရှိနေတဲ့ မလှပစေတဲ့အရာတွေကို ပျောက်ကင်းအောင်ဖြေရှင်းပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းလေးတွေကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

မျက်နှာပေါ်မှာ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အမည်းစက်တွေနဲ့ ဝက်ခြံဖြစ်ပြီးသွားတဲ့အချိန်မှာ ကျန်နေခဲ့တဲ့အမာရွတ်တွေကို ပျောက်ကင်းအောင် ကုသပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။

ရှောက်သီးအရည်

ရှောက်သီးအရည်ကတော့ ဗီတာမင်စီဓာတ်တွေ ကြွယ်ဝနေတာကြောင့် မျက်နှာပေါ်မှာရှိနေတဲ့ အမည်းစက်တွေကိုဖြေရှင်းနိုင်ဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းလို့ဆိုလို့ရပါတယ်။ မိတ်ကပ်တွေကိုသေချာဖျက်ပြီး သန့်စင်ပြီးသွားတဲ့မျက်နှာပေါ်ကို ရှောက်သီးအရည်တို့ထားတဲ့ ဂွမ်းလေးနဲ့ မျက်နှာအသားအရေပေါ်မှာ တို့လိမ်းပြီးပွတ်ပေးဖို့လိုပါတယ်။

ဒီလိုမျိုးပြုလုပ်ပြီးသွားတဲ့အခါမှာ ရိုးရိုးရေအေးလေးနဲ့ပဲ မျက်နှာအသားအရေကိုသစ်ပေးမယ်ဆိုရင် အမည်းစက်တွေကို လျော့နည်းသွားစေမှာပဲ ဖြစ်ပါတယ်။ တစ်ပတ်ကိုနှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးဖို့တော့လိုပါတယ်နော်။

အာလူး

မျက်နှာအသားအရေအတွက် အကောင်းဆုံးကူညီပေးနိုင်မယ့် အသီးအနှံလို့ပြောလို့ရပါတယ်။ အာလူးကိုပါးပါးလေးလှီးပြီး မျက်နှာပေါ်က အမည်းစက်တွေရှိနေတဲ့နေရာပေါ်မှာ ကပ်ထားပေးလိုက်မယ်ဆိုရင် အမာရွတ်တွေကိုမှေးမှိန်သွားစေပြီး ကောင်းမွန်တဲ့အသားအရေကို ရရှိလာမှာပဲဖြစ်ပါတယ်။ လွယ်ကူလွန်းပြီး သဘာဝဆန်တဲ့နည်းလမ်းဖြစ်တာကြောင့် နေ့တိုင်းလုပ်ပေးမယ်ဆိုရင်လည်း အဆင်ပြေစေမှာပါ။

Photo Source: Unsplash