ပေါက်ပေါက်ဆုပ်လား။ သိပ်ကြိုက်တာပေါ့။ ရုပ်ရှင်ရုံသွားရင် တကူးတကကို ဝယ်စားဖြစ်တာ။ ဒါပေမယ့် ပေါက်ပေါက်ဆုပ်မှာ အံ့သြစရာကောင်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာတော့ သတိမထားမိခဲ့ပါဘူး။ဘာအကျိုးကျေးဇူးတွေများဖြစ်မလဲဆိုတာ ကြည့်ရအောင်။

၁။အစာချေစနစ်ကိုကောင်းမွန်လာစေ။

ပေါက်ပေါက်ဆုပ်က ဂျုံလိုမျိုးပဲ ကောက်နှံအစေ့အဆံ (Whole Grain) အုပ်စုထဲပါဝင်ပါတယ်။ဒါကြောင့် ဗီတာမင်ဘီ နဲ့ အီး၊ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝပါတယ်။ အဲ့ဒီ့အာဟာရဓာတ်တွေက အစာချေစနစ်ကို ကျန်းမာစေပါတယ်။ ပြောင်းဖူးပေါက်ပေါက်ကို ပုံမှန်စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းဆိုင်ရာပြသနာ၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းကို ကာကွယ်ပေးပါတယ်။

၂။ကိုလက်စထရော ကိုလျော့နည်းစေ။ 

ပေါက်ပေါက်ဆုပ်မှာ ပါဝင်တဲ့ အမျှင်ဓာတ်က သွေးလွှတ်ကြောနံရံမှာရှိတဲ့ ပိုလျှံတဲ့ အဆီတွေကို ဖယ်ရှားပေးပါတယ်။ သွေးလွှတ်ကြောမှာ အနည်ထိုင်နေတဲ့အဆီဖတ်တွေကို ဖယ်ရှားပေးတာကြောင့် သွေးစီးကြောင်းကို သန့်စင်စေပါတယ်။ ပုံမှန်စားပေးရင်တော့ နှလုံး၊သွေးကြောနဲ့ ပတ်သတ်တဲ့ ရောဂါတွေမှကာကွယ်ပေးပါတယ်။

၃။သွေးချိုနှုန်းကို ထိန်းပေး။

ပေါက်ပေါက်ရဲ့ အမျှင်ဓာတ်က ကိုလက်စထရော ပြသနာတွေမှ ကာကွယ်ပေးရုံသာမက သွေးထဲရှိ အင်ဆူလင် (Insulin) နဲ့ သွေးချိုနှုန်းကိုပါထိန်းညှိပေးပါတယ်။ အမျှင်ဓာတကြွယ်ဝတဲ့ အစားအစာ စားပေးခြင်းဖြင့် ဆီးချိုရောဂါကို သက်သာစေပါတယ်။

၄။ကင်ဆာရောဂါမှ ကာကွယ်ပေး။

ပေါက်ပေါက်ထဲမှာ ကင်ဆာချေဖျက်ပစ္စည်းတစ်မျိုးဖြစ်တဲ (Antioxidants) ကြွယ်ဝစွာပါဝင်ပါတယ်။ Antioxidants တွေကကင်ဆာဆဲလ်ဖြစ်ခြင်းမှ ကာကွယ်ပေးသည့်အပြင် နာတာရှည်ရောဂါ ဖြစ်ခြင်းကိုလည်း ဟန့်တားပေးပါတယ်။

၅။ အရွယ်မတိုင်ခင် အိုမင်းခြင်းမှ ကာကွယ်ပေး။

Antioxidants ပါဝင်တဲ့ အစာစားပေးခြင်းဖြင့် အရွယ်မတိုင်ခင် အိုမင်းခြင်းမှ ကာကွယ်ပေးပါတယ်။

၆။ဝိတ်မတက်စေပါဘူး။

ပေါက်ပေါက်ဆုပ် တစ်ဘူးထဲမှာ ကယ်လိုရီ ၃၀လောက်ပဲပါဝင်ပါတယ်။ တစ်နည်းအားဖြင့် ရွယ်တူ အာလူးကြော်တစ်ထုပ်ထက် ၅ဆ ပိုနည်းပါတယ်။ ပေါက်ပေါက်က အမျှင်ဓာတ်ကြွယ်ဝတဲ့ အတွက် ဗိုက်လည်းပြည့်စေပါတယ်။ ဝိတ်လျှော့သူတွေ အတွက် ပြောင်းဖူးပေါက်ပေါက်စားလိုက်ရုံနဲ့ တော်ရုံတန်ရုံ ဗိုက်မဆာတော့တဲ့အတွက် ဝိတ်ကျဖို့အတွက် အထောက်အကူပြုပါတယ်။

နိုင်ငံရပ်ခြားတွေမှာပေါက်ပေါက်ကို ကိုယ်တိုင်လုပ်စားဖြစ်ကြသလို မကြာခဏလုပ်စားပေးရင် ကျန်းမာရေးအတွက်ပိုထိရောက်ပါလိမ့်မယ်။ အခုပေါက်ပေါက်ရဲ့ အာနိသင်စွမ်းအားကို သိရပြီဆိုတော့ နောက်တစ်ခါ ရုပ်ရှင်ရုံသွားရင် ပေါက်ပေါက်ဆုပ် ဝယ်စားဖို့ မမေ့နဲ့ဦးနော်။