နေကြာစေ့ဟာ သာမန်သွားရည်စာတစ်မျိုးမဟုတ်ပဲ ဗီတာမင်ဘီနှင့် ဗီတာမင်အီး ကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ထို့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်း (Protein) ဓာတ်အပြင် မဂ္ဂနီစီယမ် (Magnesium)၊ ဇင့် (Zinc) ကဲ့သို့သော သတ္တုဓာတ်ပါဝင်တာကြောင့်လည်း ကျန်းမာရေးရော အလှအပအတွက်ပါများစွာ အထောက်အကူပြုပါတယ်။

၁။ ဆံသားအတွက် နေကြာစေ့။

15211509_373267856340346_127379935_n

နေကြာစေ့မှာ ဆံသားအတွက်လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်အပြင် ပရိုတင်းဓာတ်လည်းပါဝင်ပါတယ်။ ယင်းပရိုတင်းဓာတ်ဟာ ဆံသားနှစ်ခွဖြစ်ခြင်းကို တားဆီးပေးတဲ့အပြင် နက်မှောင်တောက်ပြောင်ရှည်လျားတဲ့ ဆံသားကိုရရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်ကာလမှာ အသားအရေနှင့် ဆံသားကို ဂရုစိုက်သည့်အနေနဲ့ နေကြာစေ့ကို စားသုံးပေးသင့်ပါတယ်။

၂။ နေကြာစေ့နဲ့ ဝိတ်လျှော့မယ်။

ကိုယ်အလေးချိန်လျှော့ချဖို့ Diet လုပ်ကြတဲ့သူတွေ အတွက်တော့ နေကြာစေ့ဟာ အကောင်းဆုံး အဆာပြေစာ ဖြစ်ပါတယ်။ နေကြာစေ့မှာ အာဟာရဓာတ်များစွာကြွယ်ဝတဲ့အတွက် အစာရှောင်စားတဲ့အခါ အာဟာရဓာတ်ချို့တဲ့မှာ မပူရပါဘူး။

၃။နှလုံးနှင့် သွေးကြောကို ကျန်းမာစေတယ်။

15151408_373267859673679_798651344_n

နေကြာစေ့ထဲတွင် သွေးထဲကမကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေတဲ့ အဆီအက်စစ် (Fatty Acid) ပါဝင်ပါတယ်။ ဒါ့ကြောင့် ကိုလက်စထရောပါဝင်မှုနှုန်း များပြားသူတွေရဲ့ နေစဉ်အစားစားမှုစနစ်မှာ နေကြာစေ့ ပါဝင်သင့်ပါတယ်။

၄။ဆီးချိုရောဂါနှင့် နေကြာစေ့။

15151040_373267903007008_1756087900_n

ဆီးချိုရောဂါရှိသူတွေဟာ နေ့စဉ်နေကြာစေ့ကို စိုးရိမ်စရာမလိုပဲ စားသုံးလို့ရပါတယ်။ ဆရာဝန်တွေရဲ့ ပြောကြားချက်အရ နေ့ကြာစေ့ဟာ သွေးချိုနှုန်းကို ပုံမှန်ထိန်းပေးတယ်လို့ သိရပါတယ်။

၅။ အသားအရေအတွက်လည်း အကျိုးပြုတယ်။

နေကြာစေ့ထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်တာကြောင့် အသားအရေကို ပိုမို ကောင်းမွန်လာစေပါတယ်။ ထို့အပြင် အသားအရေပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးကာ မျက်နှာပေါ်ရှိ သဘာဝအဆီဓာတ်ကို ထိန်းပေးထားနိုင်တဲ့ အတွက်ကြောင့်လည်း နေကြာစေ့ကို စား၍သာမကပဲ ကြိတ်ပြီး Face Mask အနေ့နဲ့ပါ အသုံးပြုလို့ရပါတယ်။

နေကြာစေ့ဟာ ကျန်းမာရေကို အဖက်ဖက်က ကူညီစေပေမယ့် သဘာဝနေကြာစေ့လှော်ကို ရွေးချယ်စားသုံးခြင်းသာအကောင်းဆုံးပါ။ အရသာခပ်ထားတဲ့ နေကြာစေ့အထုပ်တွေဟာ သဘာဝလောက်အကျိုးမပြုတာကိုတော့ သတိပြုစေချင်ပါတယ်။