မနက်စာဟာ တစ်နေ့လုံးစာအတွက် အရေးအကြီးတစ်ခုဆိုတာ လူတိုင်းသိကြမှာပါ။ ဒါကြောင့် သင်ဟာ ကိုယ်အလေးချိန်ကျဖို့ ကြိုးစားနေသူ ဆိုရင်တော့ မနက်စာကို သေချာစားဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်အလေးချိန်ကျဖို့အတွက် အစားအသောက်ကို စနစ်တကျ စားပေးသင့်ပါတယ်။

မနက်စာကို စနစ်တကျ စားမယ်ဆိုရင်တော့

Source: Healthsomeness

  • ကိုယ်အလေးချိန် ကျစေနိုင်ပါတယ်
  • ကိုယ်ခံအားကို တိုးစေနိုင်ပါတယ်
  • ဘတ်တီးရီးယားတွေကို မဝင်နိုင်အောင် ကာကွယ်နိုင်ပါတယ်။
  • ဆံသာားနဲ့ အသားအရေကို လှပစေနိုင်ပါတယ်။တစ်လမှာ ၁၁ပေါင် ကျစေမယ်ဆိုရင်တော့ သင်ဟာ မနက်စာကို ကောင်းကောင်းပြင်ဆင် စားသင့်နေပါပြီ။

Source: foochia.com

စားရမယ့် မနက်စာမှာ ပြင်ဆင်ရမယ့် ပစ္စည်းတွေကတော့

  • အုတ်ဂျုံ (Oatmeal) ထမင်းစားဇွန်း ၂ဇွန်း
  • အဆီထုတ်ထားတဲ့ ဒိန်ချဉ် 250 Ml ၁ခွက်
  • Cocoa (ကိုကိုးမှုန့်) လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • Flaxseed လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆီးသီးခြောက် ၅-၇လုံး

ပြင်ဆင်ပုံ

မနက်စာကို ညနေခင်းမှာ ပြင်ဆင်ထားပါ။ နောက်နေ့ မနက်စာအဖြစ် စားနိုင်ပါတယ်။ ပြင်ဆင်ပုံကတော့ ဆီးသီးကို ဇလုံထဲမှာ ထည့်ပြီး ရေနွေးအနည်းငယ် လောင်းထည့်ပါ။ အပေါ်ကနေ အဖုံးခဏအုပ်ထားပြီး ၁၀မိနစ်ထားပါ။ အခြားပန်းကန်လုံးတစ်ခုမှာ အခြားပါဝင်ပစ္စည်းတွေကို ထည့်ပါ။ အားလုံးရောပြီး ကြိတ်ပေးပါ။ မဟုတ်ရင်လည်း ခေါက်မွှေပေးပါ။

ရေနွေးထဲကနေ ဆီးသီးတွေကို ဆယ်ပြီး ပါးပါးလှီးပါ။ အားလုံးကို ရောပြီး မွှေပါ။ အရည်အနေနဲ့ သောက်ချင်ရင်တော့ Blender ထဲ ထည့်မွှေပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားပါ။

စားသုံးပုံ

မနက်ခင်းမှာတော့ စားဖို့ အသင့်ဖြစ်နေတဲ့ သင်တို့ရဲ့ မနက်စာကို စားလို့ရပါပြီ။ မနက်တိုင်း ပုံမှန်စားပေးပါ။ ပထမရက်မှာ တမျိုး ဖြစ်နေပေမယ့် နောက်နေ့တွေမှာ အဆင်ပြေသွားမှာပါ။ တစ်ပတ်လောက်မှာတော့ သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။ အဆာခံနိုင်ပြီး အစာ စားချင်စိတ်ကို တားဆီးပေးတဲ့အတွက် အသားအရေ ကြည်လင်ပြီး ကိုယ်ရည်စစ်လာပါလိမ့်မယ်။ ၁လစားပေးရပါမယ်နော်..