ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

Diet လုပ်တဲ့အခါ အကြိုက်ဆုံးအစားအစာတွေနဲ့ဘယ်လိုလုပ်မလဲ

September 3, 2016

Diet လုပ်တဲ့အခါ အကြိုက်ဆုံးအစားအစာတွေနဲ့ဘယ်လိုလုပ်မလဲ

Share this on:

လူတိုင်းမှာ ကိုယ်အကြိုက်ဆုံးအစားအစာလေးတွေရှိတတ်ကြပါတယ်။ကြိုက်လွန်းတော့ မရည်ရွယ်ဘဲ အလွန်အကျွံစား မိတာတွေဖြစ်တတ်ပါတယ်။ ခန္ဓ္ဓာကိုယ်အတွက်  တကယ်လိုအပ်တဲ့ အာဟာရဓာတ်တွေတောင် လိုအပ်တာထက် ပိုတဲ့ ပမာဏရှိနေရင် ကျန်းမာရေးထိခိုက်လာတတ်ပါတယ်။တချို့လူတွေအနေနဲ့ အလွန်အကျွံစားမိလို့ ကျန်းမာရေးထိ ခိုက်ပြီး လုံးဝ စွန့်လွှတ်လိုက်ရတဲ့အဖြစ်လေးတွေလည်းရှိပါတယ်။

ဒါကြောင့် ကိုယ်ကြိုက်နှစ်သက်တဲ့အစားအစာတွေကို ရေရှည်ဆက်စားနိုင်သလို ကိုယ့်ရဲ့ ခန္ဓ္ဓာကိုယ်အတွက်ကျန်းမာရေး နဲ့ညီညွတ်တဲ့ Dietလုပ်နည်းလည်းဖြစ်အောင် ဘယ်လိုထိန်းသိမ်းစားသောက်မလဲဆိုတာ အရေးကြီးလာပါပြီ။

အများအားဖြင့် ကိုယ်ကြိုက်နှစ်သက်တဲ့အစားအစာကို ပိုစားမိတတ်ကြပေမယ့် ကျန်းမာရေးနဲ့ညီညွတ်မှုရှိရဲ့လားဆိုတာ သတိမထားမိကြပါဘူး။ဒါ့အပြင် ကိုယ်မကြိုက်တဲ့ အစားအစာဆိုရင်လည်း ကျန်းမာရေးနဲ့ညီညွတ်မှုရှိနေပါစေ စားဖို့ ၀န်လေးတတ်ကြပါတယ်။ဒါတွေက သင့်ရဲ့ကျန်းမာရေးကို စတင်ထိခိုက်ရခြင်းရဲ့အကြောင်းအရင်းတွေပါပဲ။

2

ဒီလို အစားအသောက်ရွေးချယ်စားသောက်ခြင်းနဲ့ပတ်သက်ပြီး လူပေါင်း ၅၄၂ဦး ကို  သူတို့အနေနဲ့ ဘယ်အစား အစာ တွေကတော့ စားသင့်တယ်၊ ဘယ်အစားအစာတွေကတော့ မစားသင့်ဘူးဆိုတာ ရွေးချယ် ဆုံးဖြတ်ပြီးစား လေ့ရှိရဲ့ လားဆိုတာ စစ်တမ်းကောက်ယူခဲ့ပါတယ်။ရာခိုင်နှုန်းအများစုကတော့ ကန့်သတ်ပစ္စည်းတွေပါဝင်တဲ့ အစားအစာတွေနဲ့ ရှောင်ရှားသင့်တဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ အစားအစာတွေကိုရွေးချယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သုတေသနပညာရှင်တွေက အစားအစာနဲ့ပတ်သက်ပြီး ကိုယ်ပိုင် ထိန်းချုပ်စားသောက်ခြင်းမှာ ထိန်းချုပ်နိုင်စွမ်းနိမ့်တဲ့ သူ တွေက သူတို့ကြိုက်နှစ်သက်တဲ့အစားအစာတွေကိုစားသောက်လေ့ရှိကြပြီး ထိန်းချုပ်နိုင်စွမ်းမြင့် တဲ့သူတွေကတော့ သူတို့ကြိုက်နှစ်သက်တဲ့အစားအစာတွေထဲကမှ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုရွေးချယ် စားသုံးလေ့ ရှိတာ ကို တွေ့ရှိခဲ့ကြပါတယ်။

နောက်တစ်ခုကတော့ လူအများစုက သူတို့ရဲ့  ခန္ဓ္ဓ္ဓာကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ညီညွတ်မျှတဖို့ အစားအသောက်နဲ့ ထိန်းချုပ်တဲ့ Dietအစီအစဉ်တွေကိုသဘောကျကြပါတယ်။ဒါပေမယ့် လူအများစုက ကျန်းမာရေးနဲ့ ညီညွတ်မျှတဖို့ အဲဒီလို အစားအစာနဲ့ လေ့ကျင့်ထိန်းချုပ်တဲ့အခါ သူတို့ကြိုက်နှစ်သက်တဲ့အစားအစာလေးတွေနဲ့ Dietလုပ်တဲ့အစီအစဉ်ကိုပဲ ဆန္ဒ ရှိနေကြပါတယ်။

3

  • သင်ကြိုက်နှစ်သက်တဲ့အစားအစာတွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာပါမပါဆန်းစစ်ပါ။
  • ကျန်းမာရေးနဲ့မညီညွတ်ပေမယ့် သင့်အကြိုက်ဆုံးဖြစ်နေတဲ့အစားအစာတွေကို ဘယ်လိုတွန်းလှန်ရမလဲဆိုတာ အရေးကြီး တဲ့အချက်ပါ။ဒါကြောင့်သင့်ရဲ့  ကိုယ်အလေး ချိန်လျော့ကျဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအ စာတွေ ကို ရွေးချယ်ပါ။
  • ရေခဲသေတ္တာထဲက သင့်ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ အားမပေးတဲ့ အစားအစာတွေကို ရှင်းထုတ်လိုက်ပါ။
  • နေ့စဉ်စားသောက်မှုပုံစံထဲမှာ  သင့်ရဲ့ကိုယ်အလေးချိန်အတွက် သင့်တဲ့မျှတတဲ့အာဟာရ ၈၀ရာခိုင်နှုန်းမှ ၉၀ရာ ခိုင်နှုန်းထိ ပါဝင်ပါစေ။
  • ကိုယ်တိုင်စီမံချက်ပြုတ်စားသောက်ခြင်းက သင့်ကျန်းမာရေးအတွက်အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။

တခါတရံ အကြိုက်ဆုံးအရာတွေက အဆိုးရွားဆုံး ရလဒ်တွေဖြစ်စေတတ်တယ်ဆိုတာမေ့မထားဖို့လိုပါတယ်။

Credit: Shwemom http://shwemom.com