ကျန်းမာရေး - Health

သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ရောဂါဝေဒနာတွေ ကင်းဝေစမယ့် ဆေးတစ်ခွက် အိမ်မှာဖော်မယ်

June 18, 2017

သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ရောဂါဝေဒနာတွေ ကင်းဝေစမယ့် ဆေးတစ်ခွက် အိမ်မှာဖော်မယ်


Share this on:

အိမ်တွင်း ရိုးရာဆေးနည်းလေးတွေဟာ ရှေးယခင်ကတည်းကနေ ယနေ့ထိ ယုံယုံကြည်ကြည် သုံးစွဲလာကြတဲ့အရာပါပဲ။ အခုဖော်ပြပေးမယ့် သဘာဝဆေးကို ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီး ကူးစက်ရောဂါအမျိုးမျိုး ၀င်ရောက်ခြင်းကနေ တားဆီပေးနိုင်ပါတယ်။

အဆိပ်အတောက်တွေကို ကင်းစင်စေပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိနေပါတယ်။ သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေတာကြောင့် သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်စို့တာမျိုးမဖြစ်စေလို့ နှလုံးရောဂါလည်းကင်းဝေးစေမှာပါ။

ပါဝင်ပစ္စည်း

ginger_featured

ဂျင်း (ကြိတ်ထားသောဂျင်း (သို့) နုတ်နုတ်စဉ်းထားသော ဂျင်း) ခွက် ၄ ပုံ ၁ပုံ

onion-500x325

နုတ်နုတ်စဉ်းထားသော ကြက်သွန်နီ ၄ ပုံ ၁ ပုံ

turmeric-2

နနွင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

horseradish

ဒန့်ဒလွန်မြစ် နုတ်နုတ်စဉ်း စားပွဲတင်ဇွန်း ၂ ဇွန်း

Chilli Peppers

ငရုတ်သီး ၂ တောင့်

braggs-apple-cider-vinegar-weight-loss-plan

ပန်းသီးရှလကာရည် (Apple Cider Vinegar) ၇၀၀ မီလီလီတာ

ပြင်ဆင်ခြင်း

ဒါတွေကို မပြင်ဆင်မီ လက်အိပ်ဝတ်ထားပါနော်။ သင့်အသားအရေ အနံ့စွဲမှာ လောင်သွားမှာစိုးလို့ပါ။

ပါဝင်ပစ္စည်းအားလုံးကို ပုလင်းတစ်လုံးထဲထည့်ပြီး ရှလကာရည်ထည့်လိုက်ပါ။ ပြီးရင် အဖုံးကို သေချာကြပ်ကြပ်လေး ပိတ်လိုက်ပါ။ အမှောင်ကျပြီး အေးတဲ့နေရာမှာ ၁ ပတ်လောက်ထားပါ။ လိုအပ်ရင် နေ့တိုင်း လှုပ်ခါပေးပါ။ ဒီအရည်ကို သင့်ဟင်းလျာတွေမှာ ထည့်စားထာပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

အအေးမိ ဖျားနာတာမျိုး မဖြစ်ဖို့အတွက် တစ်နေ့ကို စားပွဲတင်ဇွန်း ၁ ဇွန်းစားပေးရမှာပါ။ ဖြစ်ပြီဆိုရင်လည်း စားပေးလို့ရပါတယ်။ အဖျားကြီးရင်တော့ တစ်နေ့ကို ၅ ကြိမ် ၆ ဘကိမ်လောက်စားပေးပါ။

အနံ့ဆူးပါတယ်။ ဒီဆေးနည်းဟာ ကိုယ်ဝန်ဆောင်တွေအတွက်ရော ကလေးတွေပါ သောက်လို့ရပါတယ်။

Review

User Rating

4.4 (11 Votes)