ဘက်တီးရီးယားတွေနဲ့ပိုးမွှားတွေကို ခန္ဓာကိုယ်ထဲကနေ အမြန်ဆုံး တိုက်ထုတ်ပြီး ဖျားနာတွေကို ပျောက်ကင်းစေမယ့် သဘာဝ ဆေးနည်းကို ဝေမျှချင်ပါတယ်။

Turmeric

ပါဝင်ပစ္စည်းများ

  • နနွင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ပွသီး ၂ တောင့်
  • ပန်းသီးရှာလကာရည် ၃ ခွက်

Chilli-Pepper

  • ငရုတ်သီး ၂ တောင့်
  • ကြိတ်ထားတဲ့ ဒန့်သလွန်ရွက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • လှီးထားတဲ့ ကြက်သွန်နီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • လှီးထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Apple-Cider-Vinegar

ပြုလုပ်နည်း

  • ပန်းသီး ရှာလကာရည်မှအပ ကျန် ပစ္စည်းများကို အိုးတစ်ခုထဲထည့်ပြီး နယ်ပါ။
  • အဖုံးအပိတ်ရှိတဲ့ ရေခွက်ကြီးတစ်ခွက်ထဲထည့်ပြီး ပန်းသီးရှာလကာရည်ကို လောင်းချပါ။
  • ပြီးရင် ခွက်ကို လှုပ်ခါလိုက်ပါ။
  • ဒါဆိုရင် ပစ္စည်းတွေ သေချာ ရောနှောသွားပါပြီ။
  • တစ်နေ့ကို ခွက်ကို ၂ ခါလှုပ်ပေးပြီး အေးပြီး ခြောက်သွေ့တဲ့နေရာမှာ ၁၀ ရက်လောက်ထားပါ။
  • ပြီးရင် ရေခဲသေတ္တာထဲထည့်ထားပြီး တစ်နေ့ကို စားပွဲတင်ဇွန်း ၁ ဇွန်းသောက်လို့ရပါတယ်။

ဒီဖျော်ရည်က ခန္ဓာကိုယ်ထဲရှိ သွေးလည်ပတ်မှုအားကောင်းစေပြီး ရောဂါပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ကာ မ၀င်အောင်လည်း ကူညီပေးပါတယ်။

Garlic

ကြက်သွန်ဖြူမှာ ရောဂါပိုးမွှားတွေ၊ ဘက်တီးရီးယားတွေ သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။

Onion

ကြက်သွန်နီမှာ မှိုတို့ ရောဂါပိုးမွှားတွေကို သေစေနိုင်ပြီး သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ကာ ခန္ဓာကိုယ်ရောင်ရမ်းတာတွေကိုလည်း ကျစေပါတယ်။

ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

apples-and-vinegar

ပန်းသီးရှာလကာရည်က အစာခြေစနစ်ကိုအားကောင်းစေပြီး သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးကာ   နှာစေးနှာရည်ယိုတွေအတွက်လည်းကောင်းပါတယ်။

အဲ့ဒီအပြင် ချောင်းဆိုး၊ လည်ပင်းရောင်တာတွေအတွက်လည်း ကောင်းပါတယ်။

turmeric-500x312

နနွင်း

နနွင်းကတော့ ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ နနွင်းကိုနေ့စဉ် စားသုံးပေးရင် အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပြီး ရောင်ရမ်းမှုတွေကိုလည်း လျှော့ကျစေပါတယ်။ ဦးနှောက်၊ နှလုံး၊ ကင်ဆာ နဲ့ စိတ်ဓာတ်ကျရောဂါတို့ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

Chilli Peppers

ငရုတ်သီး

ငရုတ်သီးက နှလုံးကျန်းမာရေး အတွက်ကောင်းပြီး ရောင်ရမ်းတာတွေ နဲ့ ဆီးချိုရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်ကိုကျစေပြီး ကိုယ်ခံစွမ်းအားကိုလည်း ကောင်းစေပါတယ်။