ဆန်ဆိုတာနဲ့ မျက်လုံးထဲမြင်မိတာက ထမင်းချက်လို့ရတယ်။ ဒါပဲလား။ မဟုတ်သေးပါဘူး။ နေ့စဉ်ဘဝမှာလည်း တစ်မျိုးတစ်ဖုံ အသုံးဝင်နေပါသေးတယ်။

၁။ ကော်ဖီကြိတ်စက် ဆေးကြောလို့ရ။

ဆန် အနည်းငယ်ကို ကြိတ်စက်ထဲထည့်ပြီး အမှုန့်ဖြစ်တဲ့အထိ ကြိတ်ပါ။ အဲ့ဒီ့အခါမှာတော့ ကြိတ်စက်ထဲမှာရှိတဲ့ အဆီကျန်တွေကို ဆန်တွေက စုပ်ယူသွားမယ့်အပြင် ဓားသွားတွေကိုလည်း ပိုပြီးထက်လာစေပါတယ်။

15515694_384847015182430_804882882_o

၂။ ကိုက်ခဲ၊နာကျင်မှုတွေကို ကုသလို့ရ။

လိုအပ်တာက ခြေအိတ် နဲ့ ဆန်ပါ။ ခြေအိတ်ထဲကို ဆန်အနည်ငယ်ထည့်ပြီး အပ်ချဉ်ကြိုးနဲ့သေချာ ချည်လိုက်ပါ။ ထို့နောက် ရေခဲသေတ္တာ အခဲခန်း (Freezer) ထဲ မိနစ်၃၀ မှ ၄၅မိနစ်ထိထည့်ထားပြီး အခဲခံကာ ကိုက်ခံနေသော ဒူးဆစ်၊ ပုခုံး၊ ခြေဖနောင့် စသဖြင့် အုံပေးလို့ရပါတယ်။

15497496_384847078515757_91747960_n

၃။ ရေစိုနေသော လျှပ်စစ်သုံးပစ္စည်းများအား ခြောက်သွေ့စေ။

အမှတ်တမဲ့ ဖုန်းရေစိုသွားရင် စိတ်မညစ်မိပါစေနဲ့။ ဘက်ထရီလေးဖြုတ်ထားပြီး အခြားအစိတ်အပိုင်းတွေကို ဆန်အးိုထဲ တစ်ညလောက်ထည့် နစ်ထားပါ။ ဆန်ဟာ အတွင်းရှိ စိုထိုင်းမှုကို စုပ်ယူတာကြောင့် သင့်ဖုန်းအကောင်းပကတိတိုင်းဖြစ်သွားပါလိမ့်မယ်။

15577447_384847061849092_1431958196_n

၄။ သံချေးတက်ခြင်းမှကာကွယ်ပေး။

အိမ်တွင်းအသုံးပြုတတ်တဲ့ သံတူ၊ ဝက်အူလှည့်တို့ မကြာခဏ သံချေးတက်လို့ စိတ်ပျက်မိပြီဆိုရင် ပစ္စည်းသိမ်းတဲ့ သေတ္တာ သို့မဟုတ် ဘူးထဲမှာ ဆန်အနည်းငယ်ထည့်ပြီး သိမ်းထားလို့ရတယ်။ ဘာကြောင့်လည်းဆိုတော့ လေထဲက အောက်စီဂျင်ကို ဆန်က စုပ်ယူလိုက်ခြင်းကြောင့်ဖြစ်တယ်။

၅။ လည်တိုင်ကျဉ်းတဲ့ ပန်းအိုးကိုဆေးကြောလို့ရ။

ပန်းအိုးဆေးတဲ့အခါ ကြုံနေကျပြသနာက လည်တိုင်ကျဉ်းလို့ လက်လျှိုသွင်းလို့မရတာပဲ။ ဒါကြောင့်အထဲက ချေးတွေကိုပြောင်အောင်သန့်ရှင်းလို့မရပါဘူး။ အဲ့ဒီ့အခါမှာတော့ ဆန်ကို ဆပ်ပြာရည် အနည်းငယ်နဲ့ရောထည့်ပြီး ခပ်ပြင်းပြင်းလှုပ်ဆေးခြင်းအားဖြင့် အေုက်ခြေမှာကျန်နေတဲ့ ချေးတွေပြောင်သွားစေပါတယ်။

15502757_384847095182422_1614480593_o

အခုဆို ဆန်ရဲ့အသုံးဝင်ပုံလေးတွေသိရပြီဆိုတော့ ကိုာ်တိုင်လက်တွေ့ စမ်းကြည့်ကြစို့နော်။