ဒိန်ချဉ်မကြိုက်တဲ့ လူဆိုတာ ရှားသလောက် ဒိန်ချဉ်ရဲ့ အစွမ်းက အံ့မခမ်းပါပဲ။ ထမင်းနဲ့ နယ်စားမလား၊ ရေခဲတုံးလေး ထည့်သောက်မလား ဘယ်လိုပဲ စားစားရင်ထဲကို အေးမြသွားစေပါတယ်။

ဒီ့အပြင် ကျန်းမာရေး အကျိုးကျေးဇူးတွေလည်းပေးသေးတာမို့ ဒိန်ချဉ်ကိုနေ့စဉ် ပုံမှန် မှီဝဲစားသုံးသင့်ပါတယ်။ဒိန်ချဉ်ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့…

၁။ဖြေဆေး အနေနဲ့ သုံးလို့ရ။

ပဋိဇီဝဆေး သောက်သုံးသူတွေကတော့ နေ့တိုင်းဒိန်ချဉ်စားပေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပဋိဇီဝဆေးထဲပါဝင်တဲ့ ဓာတ်တွေက ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေကို သေစေတာမှန်ပေမယ့် အခြားသော နူးညံ့တဲ့ ဘက်တီးရီးယားတွေကိုပါ သေစေတာကြောင့် ပဋိဇီဝဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြေပျောက်စေရန် ဖြေဆေးအနေနဲ့ ဒိန်ချဉ်ကိုနေ့တိုင်း စားပေးသင့်ပါတယ်။

၂။ ဗီတာမင်ဘီ ထုတ်လုပ်ပေး။

လူ့ရဲ့ ခန္ဓာကိုယ်က ကိုယ်ပိုင် ဗီတာမင်ဓာတ်ထုတ်လုပ်မှု အင်မတန် နည်းပါးလှပါတယ်။ ဗီတာမင်ဘီ နဲ့ ဗီတာမင်ကေ ကသာလျှင် အူမကြီးတွင်း ဇီဝဓာတ်ပြုမှုကြောင့် ထုတ်လုပ်ခြင်းခံခဲ့ရတာပါ။ ဒိန်ချဉ်စားပေးခြင်းဖြင့် ဗီတာမင်ဘီထုတ်လုပ်နှုန်းမြင့်တက်လာပြီး အာရုံကြောနဲ့သက်ဆိုင်တဲ့ ရောဂါတွေမှ ကာကွယ်ပေးပါတယ်။

၃။ သွေးချိုနှုန်းကို ထိန်းညှိပေး။

လေ့လာတွေ့ရှိချက်အရ ဒိန်ချဉ်စားသုံးသူတွေရဲ့ သွေးချိုနှုန်းက အခြားသောသူတွေထက် ပိုပြီးပုံမှန်ဖြစ်နေတာကို တွေ့ရပါတယ်။

၄။ ရောဂါကာကွယ်ပေး။

ဒိန်ချဉ်ဟာ လက်တစ် အက်စစ်ကြွယ်ဝတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ လက်တစ် အက်စစ်က အူမကြီးအတွင်းပိုင်းနေရာတွေကို အက်စစ်အဖြစ်ပြောင်းပေးပြီး ကင်ဆာဆဲလ်ထုတ်လုပ်မှုကို တားဆီးပေးပါတယ်။ ဒီ့အပြင် လေအောင့်လေနာ၊ ပန်းနာရင်ကျပ် ကိုလည်းပျောက်ကင်းစေတာကြောင့် နေ့တိုင်းစားသုံးရင် ပိုပြီးထိရောက်စေပါတယ်။

၅။အစာချေစနစ်ကို ချောချူစေ။

အူမကြီးရဲ့လုပ်ဆောင်နှုန်းကို တိုးမြှင့်ပေးတဲ့ ဘက်တီးရီးယားတစ်မျိုးကို ဒိန်ချဉ်ကလွဲလို့ အခြားအစားအစာတွေမှာ မတွေ့ရပါဘူး။ ဒိန်ချဉ်ထဲပါဝင်တဲ့ လက်တစ် အက်စစ်က အူမကြီးထဲမှာရှိတဲ့ မကောင်းတဲ့ ပိုးတွေကိုတိုက်ဖျက်ပေးတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါရောဂါမှ ကာကွယ်ပေးပါတယ်။တစ်နည်းအားဖြင့် ဒိန်ချဉ်ဟာအူမကြီးကို အပြတ်သန့်စင်ပေးတဲ့ အစားအစာတစ်မျိုးပါ။

ဒိန်ချဉ်ကို ကျန်းမာရေးအရ ပုံမှန်စားသုံးပေးခြင်းဖြင့် ရောဂါဘယကင်းစေတဲ့အပြင် ရင်တွင်းကိုအေးမြစေတာမို့ စားမယ်ဆိုလည်း မမှားပါဘူး။