ရာသီဥတုပူတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့အတူ ဘီယာသောက်ပြီး စကားပြောရတာ ပျော်ဖို့ကောင်းပါတယ်။

ဘီယာက အရက်အနည်းငယ်ပါပေမယ့် တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်းရှိပါတယ်။

ဘီယာမှာ ပရိုတင်းဓာတ်၊ ဗီတာမင် B တို့က ဝိုင်ထက်ပိုများပါတယ်။ အဲ့ဒီအပြင် ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ Antioxidants တွေလည်း ပါဝင်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတဲ့ Flavonoids နဲ့ သတ္တုဓာတ်တွေလည်းပါဝင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး

ဘီယာမှာ ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ ကွန်ပေါင်းတစ်ခုဖြစ်တဲ့ Xantohumol ပါဝင်ပါတယ်။ ဒီကွန်ပေါင်းက ကင်ဆာရောဂါကို တိုက်ဖျက်၊ ကာကွယ်ရာမှာ အဓိက ကျပါတယ်။

အဲ့ဒီအပြင် Polyphenols ဓာတ်လည်းပါဝင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

နှလုံးရောဂါကိုကာကွယ်ပေး

ဘီယာမှာ ဗီတာမင် B6 ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဗီတာမင် B6 သွေးလွှတ်ကြောကို ပျက်စီးစေတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ Homocysteine တွေ စုစည်းလာတာကိုလည်း ကာကွယ်ပေးပါတယ်။

ဘီယာက သွေးကြောတွေမှာရှိနေတဲ့ သွေးခဲတွေ မဖြစ်ပေါ်လာအောင် တားဆီးပေးပါတယ်။

အရိုးသိပ်သည်းဆကို ပိုကောင်းစေ

ဘီယာ ကို တော်သင့်ရုံမျှတာသောက်ရင် အရိုးသိပ်သည်းဆကိုပိုကောင်းစေပါတယ်။ အဲ့ဒါကြောင့် အသက်ကြီးလာရင်ဖြစ်တတ်တဲ့ အရိုးပွတာကိုလည်း သက်သာစေပါတယ်။

ဗီတာမင် E ပါဝင်

ဗီတာမင် E ဓာတ်ကြွယ်ဝတဲ့ အစားအစာများ

ဘီယာမှာ ဗီတာမင် E ပါဝင်တာကြောင့် တော်သင့်ရုံမျှသာသောက်ရင် အသားအရေအတွက်လည်းကောင်းပါတယ်။

ကျောက်ကပ်ကျောက်တည်တာကို လျော့ချပေးနိုင်

ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ပေးနိုင်တဲ့ နည်လမ်း ၆ သွယ်

ဘီယာမှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုများပြီး ဆိုဒီယမ်ပါဝင်မှုနည်းပါတယ်။ အဲ့ဒီအပြင် မဂ္ဂနီဆီယမ်ဓာတ်လည်းများပါတယ်။ ဒါ့ကြောင့် ကျောက်ကပ်ကျောက်တည်တာကို လျော့ချပေးနိုင်ပါတယ်။