ကော်ဖီတစ်ခွက်ဟာ အားအင်သစ်ပေးနိုင်တယ်လို့ ကော်ဖီချစ်သူတွေ လက်ခံယုံကြည်ထားပါတယ်။ မမှားပါဘူး။ ဆေးသိပ္ပံအရလည်း ကဖိန်းဓာတ်ဟာ လူ့ခန္ဓာကိုယ်အတွက် အတိုင်းအတာ တစ်ခုထိအရေးပါပါတယ်။ ဒီ့အပြင် ကော်ဖီတစ်ခွက်သောက်ခြင်းဖြင့် စိတ်ကြည်လင်လန်းဆန်းလာပြီး လုပ်ငန်းဆောင်တာတွေမှာလည်း အာရုံစိုက်နိုင်လာပါတယ်။ ဒါပေမယ့် တန်လျှင်ဆေး၊ လွန်လျှင်ဘေး ဆိုသလို ကော်ဖီအလွန်အကျွံသောက်ရင်တော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာတွေမှာပါ ထိခိုက်လာနိုင်ပါတယ်။ အခုဖော်ပြမယ့် အချက်လေးတွေမှန်နေရင်တော့ ကော်ဖီလျှော့သောက်သင့်ပါပြီ။

၁။ အနည်းငယ်ကြောင်တောင်တောင်ဖြစ်ခြင်း။

15310692_379267055740426_567603836_n

ကြောင်တောင်တောင်လို့ပြောရတာ အရူး၊ ငပေါ သဘောကိုမဆိုလိုပါဘူး။ ကော်ဖီဟာ ပင်မအာရုံကြောကို လှုံ့ဆော်ပေးတာကြောင့် လန်းဆန်းတက်ကြွစေတာမှန်ပေမယ့် အရေအတွက်များလာရင်တော့ အဟန့်အတားဖြစ်စေပါတယ်။ စိုးရိမ်ကြောင့်ကြခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ယားယံခြင်း နဲ့ တစ်ခါတစ်ရံ ဒေါသပေါက်ကွဲထွက်တာမျိုးထိ ဖြစ်နေပြီဆိုရင်တော့ ကော်ဖီသောက်သုံးမှုကျူးလွန်နေတာကိုဖော်ပြပါတယ်။

လိုက်နာရန်။။ ကဖိန်းဓာတ်နည်းတာပြောင်းသောက်ပါ။

၂။ နေ့ပိုင်းတွင်ပင် နုံးချိအိပ်ငိုက်ခြင်း

15300533_379263939074071_252481682_n

အများအားဖြင့် စာကျက်တဲ့အခါဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့အခါဖြစ်ဖြစ် လန်းဆန်းနေအောင်ကော်ဖီသောက်တတ်ကြပါ။လူအများရဲ့ယူဆချက်အရ အိပ်ငိုက်နုံးချိခြင်းကို ထိန်းချုပ်ဖို့ ကော်ဖီဟာ အကောင်းဆုံးလို့ယူဆကြပါတယ်။ အရေအတွက်ကျော်လွန်သွားရင်တော့ ဒီယုဆချက်မမှန်နိုင်တော့ပါဘူး။ ကော်ဖီဟာ သင့်ကို နေ့တွင်းချင်းပင် နုံးချိစေတာကြောင့် အလုပ်အပေါ်ရှိ အာရုံတွေလွင့်ပျံသွားနိုင်ပါတယ်။

လိုက်နာရန်။။ လန်းဆန်းစေရန်အတွက်တော့ အားအင်ဖြစ်စေမယ့် အစားအစာတွေပြောင်းစားပါ။ အစားအစာသာလျှင် လောင်စာကောင်းဖြစ်တာကိုတော့ မမေ့ပါစေနဲ့။

၃။ မကြာခဏ ရှူးရှူးပေါက်ရခြင်း

15310359_379263819074083_351629903_n

ကော်ဖီမှာ ဆီးသွားကြိမ်နှုန်းကိုတိုးမြှင့်စေတဲ့ ဓာတ်ပါဝင်ပါတယ်။ အထူးသဖြင့် ကော်ဖီသောက်ကျင့်မရှိသေးပဲ ဝုန်းခနဲ အလွန်အကျွံသောက်သူမျိုးပေါ့။ သာမန်အားဖြင့်ကော်ဖီဟာ ရေဓာတ်မခမ်းခြောက်စေပါဘူး။ ဒါပေမယ့် ရေအလုံအလောက်မသောက်နိုင်ရင်တော့ ခန္ဓာကိုယ်ကို ရေဓာတ်မပေးနိုင်ပါဘူး။

လိုက်နာရန်။။ ကော်ဖီနဲ့အတူ ကျန်းမာစေတဲ့ အစားအသောက်တွဲစားပါ။ အစားမစာတွေဟာ အစာအိမ်မှ အူလမ်းကြောင်းထဲ အရည်ရွေ့စီးမှုပိုလျှော့ချပေးတဲ့အပြင် ဆီးအိမ်ကိုပါ ကောင်းစေပါတယ်။

၄။ မျက်ခုံး၊မျက်ခွံ၊ မျက်ခမ်း လှုပ်ခြင်း။

ထိုသို့လှုပ်ရခြင်းမှာ ကဖိန်းဓာတ်ကြောင့် မျက်လုံးကြွက်သားနှင့် အာရုံကြောကို လှုံဆော်ပေးတဲ့အတွက် ဖြစ်ပါတယ်။ ကော်ဖီအလွန်အကျွံသောက်တဲ့အခါ ထိုလက္ခဏာကို တွေ့ကြုံရတတ်ပါတယ်။

လိုက်နာရန်။။ ကော်ဖီဖြတ်ပြီး ရေသောက်နှုန်းမြှင့်တင်ပေးပါ။

၅။အိပ်ချိန်နောက်ကျခြင်း။ အိပ်ခြင်းဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်အတွက်ရော အသိဉာဏ်အတွက်ပါ အရေးပါပါတယ်။ အိပ်ချိန်မတိုင်ခင် ကော်ဖီသောက်ခြင်းကြောင့် အိပ်မပျော်ဖြစ်ရင်တော့ ကော်ဖီရဲ့အကျိုးအာနိသင်ဟာ မှေးမှိန်သွားပြီလို့မှတ်ယူလိုက်ပါ။

လိုက်နာရန်။။အိပ်ချိန်နှင့် ကော်ဖီသောက်ချိန်ကို ၆နာရီခြားထားပါ။